ကလေးမြို့ ညောင်ပင်သာ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဖမ်းဆီးခံရ

ကလေးမြို့ ညောင်ပင်သာ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဖမ်းဆီးခံရ

ကလေးမြို့ ညောင်ပင်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် (ခေါ်) ဦပါတူးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၂၁ ရက်နေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

 

“ညနေ ၃ နာရီလောက်မှာ ဖမ်းခံရတာလို့သိရတယ်၊ သူက စစ်ကောင်စီတက်လာတော့ နူတ်ထွက်လိုက်တာ၊ ရဲနဲ့စစ်တပ်တွေက သူ့နေအိမ်ကို ဝင်ရှာတယ် သူ့ကိုမတွေ့ဘူး နောက် သူရှောင်ပုန်းနေတဲ့အိမ်ကို ဘယ်လိုသိသွားလဲတော့မသိဘူး အဲဒီမှာ ဝင်ဖမ်းသွားတာ” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

 

ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးပါတူးသည် တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်အာဏာသိမ်းယူပြီး စစ်ကောင်စီဖွဲ့စည်းသည့်အချိန်တွင် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် CDM ဝင်ကာ အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်ထားသူဖြစ်သည်။



 

အလားတူ ပြီးခဲ့သည့်ဧပြီ ၂၀ ရက်ကလည်း ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် လူငယ်လေးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...