ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၆ ရက် ည ၇ နာရီခွဲဝန်းကျင်က သီပေါမြို့နယ် ကုန်သာကျေးရွာတွင်နေထိုင်သည့် အသက် ၅၄ နှစ်အရွယ်ရှိ စိုင်းလျန်း၏ နေအိမ်ကို အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ခြင်းကြောင်း သီပေါမြို့နယ် လူမှုကယ်ဆယ်ရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ယောကျာ်းလေးနှစ်ယောက် ဆိုင်ကယ်စီးလာပြီး “ဂွ” ရှိလားမေးတယ်။ စိုင်းလျန်က မရှိဘူးလို့ပြောလိုက်တာ။ ဟိုကလည်း ပါလာတဲ့သေနတ်နဲ့ပစ်လိုက်တာ။ ၃ ချက်ထိသွားတယ်။ အဲနားမှာဘဲ တစ်ခါထဲသေသွားတယ်” ဟု ၎င်းကပြောသည်။
သေနတ်ကျည်သုံးချက် ထိမှန်သည့်နေရာများမှာ ရင်ညွှန့်၊ ခါးနှင့် လက်မောင်းတွင် ထိမှန်သွားခဲ့ပြီး ထိုနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
လာရောက်ပစ်ခတ်သူသည် မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်ဖြစ်သည်ကို မသိရှိကြောင်း၊ စိုင်းလျန်းသေဆုံးမှုနှင့်ပတ်သက်ပြီး သီပေါရဲစခန်းမှ လိုက်လံစုံစမ်းနေဆဲဟု သိရသည်။
၂၀၂၀ ခုနှစ်တွင် သီပေါမြို့တွင် သေနတ်ပစ်ခံသေဆုံးရသူစုစုပေါင်း ၁၄ ယောက်ရှိကြောင်း သိရသည်။
Published
Tuesday, April 20, 2021
သီပေါမြို့နယ်အတွင်း အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ