စစ်ကောင်စီမှ အကြမ်းဖက်သတ်ဖြတ်မှုများကို ပိုမိုလုပ်ဆောင်လာပါက အာဆီယံအဖွဲ့လည်း တာဝန်မကင်းကြောင်း ငြိမ်း/ပွင့် ပြော

စစ်ကောင်စီမှ အကြမ်းဖက်သတ်ဖြတ်မှုများကို ပိုမိုလုပ်ဆောင်လာပါက အာဆီယံအဖွဲ့လည်း တာဝန်မကင်းကြောင်း ငြိမ်း/ပွင့် ပြော

စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်မှုများကို ပိုမိုလုပ်ဆောင်လာပါက အာဆီယံအဖွဲ့ တာဝန်မကင်းကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်ပြောဆိုလိုက်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အာဆီယံအဖွဲ့အနေဖြင့် အကြမ်းဖက် အာဏာလုစစ်ကောင်စီကို လူရာသွင်းရန်ကြိုးပမ်းနေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည့် ထုတ်ပြန်ချက်ထဲတွင် ထိုသို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် “အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကြောင်း သတိပေးလိုက်ပါသည်” ဟု ဖော်ပြထားသည်။

ဧပြီ ၂၄ ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် အာဆီယံအဖွဲ့မှ စစ်ကောင်စီအား ဖိတ်ကြားထားပြီး ထိုအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မည်ဟု သိရသည်။

ထိုသို့ဖိတ်ကြားမှုကြောင့် ပြည်သူ့အစိုးရကိုဖမ်းဆီးကာ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည့် အာဏာလုစစ်ကောင်စီကို လူရာသွင်းရန် ကြိုးပမ်းသည့် အရိပ်လက္ခဏာများတွေ့နေရသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှု နှစ် ၃၀ ကျော်အတွင်း အာဆီယံသည် စစ်တပ်ဘက်မှသာ ရပ်တည်ခဲ့သော သမိုင်းဆိုးများ ရှိခဲ့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ထဲ တွင် စွပ်စွဲထားသည်။

၎င်းတို့က “အာဆီယံအဖွဲ့သည် မိမိ၏ ကိုယ်ကျိုးစီးပွားရေးတွင်သာ အာရုံစိုက်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးပြဿနာများကို အောင်မြင်စွာ အရေးယူဖြေရှင်းနိုင်သည့်မှတ်တမ်းများ မရှိခဲ့သည်မှာလည်း ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်” ဟု ထည်းသွင်းရေးသားထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုထိပ်သီးအစည်းအဝေးတွင် မြန်မာအရေးနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးကြမည့် အစည်းအဝေးဖြစ်သည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...