အာဏာသိမ်းစစ်တပ်က ကျောထောက်နောက်ခံပေးထားသော ယုဇနကုမ္ပဏီကို KIA က တိုက်ခိုက်ဖျက်စီး

အာဏာသိမ်းစစ်တပ်က ကျောထောက်နောက်ခံပေးထားသော ယုဇနကုမ္ပဏီကို KIA က တိုက်ခိုက်ဖျက်စီး
by -
ခေါင်ညွယ် (KNG)

အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် ယုဇနကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးမှု ယနေ့ (ဧပြီ ၁ ရက်) နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကုမ္ပဏီသည် ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်း ဘန်ကောက်ကျေးရွာတွင်တည်ရှိပြီး ထိုကုမ္ပဏီအား ယနေ့ နံနက်ပိုင်း ၁ နာရီခန့်အချိန်က KIA တပ်ရင်း ၁၄ က ဝင်ရောက်တိုက်ခိုက်ပြီး စက်ယန္တရားများနှင့် ဂိုဒေါင်များကို မီးရှို့ဖျက်စီးလိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

“ဖြစ်တာက ည တစ်နာရီလောက်မှာဖြစ်တယ်လို့ သိရတယ်။ ကုမ္မဏီမှာရှိတဲ့ ဘက်ဟိုတစ်စီး၊ ဘဒိုဇာ ၃ စီး၊ ကား ၅ စီး၊ ကာလိုဒါ ၃ စီး၊ လမ်းကျိတ်စက် ၂ စီး၊ စုစုပေါင်း ၂၀ ကျော်ကို မီးရိူ့ပေးလိုက်တယ်လို့ကြားတယ်။ ပြီးရင် မီးရိူ့တဲ့ထဲမှာ ပစ္စည်းထားတဲ့ဂိုဒေါင် လေးခုလည်းပါတယ်တဲ့။ ဒီမနက်အတွင်းထိ ကုမ္မဏီအတွင်း မီးလောင်နေတာ တွေရှိသေးတယ်” ဟု ဒေသခံတစ်ဦးပြောပြသည်။

 

ယုဇန ကုမ္ပဏီကို အာဏာသိမ်းစစ်သားများက ယခင်က တပ်စွဲထားမှုများရှိသော်လည်း ယနေ့နံနက် တိုက်ပွဲတွင်မူ မရှိကြောင်း သိရသည်။

 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် စစ်အာဏာရှင်လက်ထက် ၂၀၀၆ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်းဒေသ ပီလောပီနံစိုက်ပျိုးရေးစီမံကိန်းကိုအကောင်အထည်ဖော်ရန် အဆိုပါကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းစီမံကိန်းကြောင့် ဒေသခံများ၏ မြေယာအများအပြား သိမ်းပိုက်ခံခဲ့ရသည်။

 

ထိုအချိန်မှစတင်၍ ယနေ့အထိ ဟူးကောင်းဒေသခံများနှင့် ယုဇနကုမ္ပဏီကြား မြေယာပြဿနာများ ပုံမှန်ဖြစ်ပေါ်လျက်ရှိသောနေရာဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...