တပ်နှင့်ရဲ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်တွင် ၈ ဦးကျဆုံးခဲ့ပြီဖြစ်ပြီး ၎င်းတို့အတွက်ဆုတောင်းပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲများရှိနေသောကြောင့် တံတားများတွင်သာ စာကပ်ဆုတောင်းပေးမှုပြုလုပ်ပေးခဲ့ရသည်ဟု မိုးညှင်းလူငယ်များက ဆိုသည်။
" ကျွန်တော် တို့ လူငယ်တွေ ဘုရားမှာ ဆုတောင်းပွဲလုပ်ရင် ဂေါပက လူကြီးတွေထဲက လူကြီးအချို့က ရဲကဖုန်းဆက်တိုင်တယ် ။ဒါကြောင်းမို့ ကျွန်တော် တို့လူငယ်တွေ ဘုရားမှာ လုပ်ချင်ပေမယ့် တံတားမှာကြောက်ကြောက်လန့်လန့် လုပ်နေရပါတယ်။ပတ်ကင်းတွေလဲရှိပါတယ်။ ဒါက သည်နေ့ မိုးညှင်းသာယာကုန်းအလွန်က တံတားမှာ အသတ်ခံလိုက်ရတဲ့ ကလေးငယ်၈ယောက်အတွက် ကျနော်တို့လူငယ်တွေဆုတောင်းပွဲပြုလုပ် ဆန္ဒ ထုတ်ဖော်ထားခြင်းဖြစ်ပါတယ်။" ဟု လူငယ်တစ်ဦးက ဆိုထားသည်။
ကချင်ပြည်နယ်တွင် ကျဆုံးခဲ့ရသူများတွင် အသက် ၁၉ နှစ်အရွယ် မှ အသက် ၆၀ အရွယ်ထိ ပါဝင်သည်။