မန္တလေးမြို့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခံခဲ့ရသည့် တိုင်းရင်းသားသပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦး မတ် ၂၂ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး လိုက်လံဆောင်ရွက်နေသူတစ်ဦးထံမှ သိရသည်။
အဆိုပါ မန္တလေးမြို့ ၂၅ လမ်း ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း၏ အနောက်လမ်းကြားတွင် လူစုနေစဉ်ချိန်၌ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့၀ငအင်အား တစ်ရာကျော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဆန္ဒပြရန် ရောက်ရှိနေသူများထဲမှ ၅၀ ဦးကျော် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားသပိတ်မှ ၁၁ ဦးနှင့် တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကျော် တစ်နေရာတည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး မတ် ၃ ရက်တွင် တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး တိုင်းရင်းသားသပိတ်မှ ၁၁ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိပေ။
အဆိုပါ ဖမ်းဆီးခံထားရသူများကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်းခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားသပိတ်တွင် ရှမ်းနီတိုင်းရင်းသူ လေးဦးပါဝင်ကာ လက်ရှိတွင် တစ်ဦးသာလွတ်မြောက ်သေးကြောင်း သိရသည်။