ညောင်ရွှေ Inle Princess Hotel ကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းကာ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွား

ညောင်ရွှေ Inle Princess Hotel ကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းကာ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွား
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

သျှမ်းတောင် ညောင်ရွှေမြို့ရှိ Inle Princess  Hotel (မန်ကျည်းစင်) ကို မတ် ၁၃ ရက် ည ၁၁ နာရီတွင် ရဲနှင့်စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ဟိုတယ်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ထိုနည်းတူ နေပြည်တော်တွင် ထိန်းသိမ်းခံထားရသော ညောင်ရွှေမြို့၊ မင်္ဂလာရပ်ရှိ ဟိုတယ်နှင့် ခရီးသွားပြည်ထောင်စုဝန်ကြီး ဉီး‌အုန်းမောင်နေအိမ်ကိုလည်း ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သော်လည်း ဖမ်းဆီးမှု မရှိခဲ့ပေ။

 

"မနေ့ည (၁၁) နာရီက ဟိုတယ်ဝန်ထမ်းနှစ်ယောက် ဖမ်းခံရတယ်။ ရိုက်တာတော့မရှိဘူး။ ဝန်ကြီးအိမ်တော့ ဝင်ရှာတယ်။ ဖမ်းဆီးတာမရှိဘူး" ဟု ညောင်ရွှေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 

ညောင်ရွှေမြို့တွင် မတ် ၁၃ ရက်တွင် စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်သည့် အမျိုးသမီး နှစ်ဦး၊ အမျိုးသား ကိုးဦးကို ရဲနှင့်စစ်တပ်က ဖမ်းဆီးကာ တောင်လေးလုံးထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...