ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာအနီးတွင်ရှိသည့် စက်မှုဇုန်စစ်ရှောင်စခန်းတွင် အလှူရှင် များမှ လာရောက်လှူဒါန်းသည့်ငွေများကို စစ်ဘေးရှောင်များကို မဝေငှပဲ အလွဲသုံးစားလုပ်နေမှုများ ရှိနေကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ စက်မှုဇုန်စခန်းမှာ အလှူရှင်တွေလှူတဲ့ ပိုက်ဆံတွေကိုတစ်ပြားမှပေးဘူး။ တာဝန်ခံတွေ ဘာလုပ်လိုက်ဆိုတာကိုလည်း ဘာမှမသိရဘူး။ နောက်ပြီးတော့ ကမ္ဘာ့စားနက်ရက္ခာအ ဖွဲ့ကပေးတဲ့ဟာ တွေကိုလည်း အကုန်မပေးဘူး။ ရောင်းစားနေကြပါတယ်။” ဟု အမည်မဖော်လိုသည့် စစ်ရှောင် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အလှူငွေများကို အလွဲသုံးစားလုပ်နေသည်မှာ ကြာနေပြီးဖြစ်ကြောင်းနှင့် ပြောဆိုမိပါက စခန်းမှ နှင်ထုတ်ခံရမည်ကို ဆိုရိမ်ကြောက်ရွံ့သောကြောင့် မပြောဖြစ်ခြင်းဖြစ်သည်ဟု နောက်ထပ် အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
ဒီလိုမျိုး လုပ်နေတာကြာပါပြီ။ ကျနော်တို့က စခန်းကနေနှင်ထုတ်ခံရမှာကြောက်လို့ မပြောပဲ နေတာပါ။ အခုက အရင်ကထက် များလို့ ကျနော်တို့လည်း အခုလို သတင်းဌာနကို ဆက်သွယ်လိုက်ရတာဖြစ်ပါတယ်။ ဟု အဆိုပါမျိုးသားက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ဦးမေက ထိုအလှူငွေများကို အလွဲသုံးစားလုပ် ဆောင်ခြင်းများမရှိကြောင်း ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့က အဲလိုလုပ်တာမရှိဘူး။ တလောကအလှူရှင်တွေလာလှူတဲ့ ငွေတွေနဲ့ ရေတွင်းတွေတူးလိုက်တာပါ။ အခုလည်း အလှူရှင်တွေက လှူထားတဲ့ငွေ ခုနစ်သိန်းရှိပါတယ်။ အဲဒါကိုလည်း ကျမတို့က တစ်အိမ်ကို ၃ ထောင်ကျစီ ခွဲဲဝေပေးဖို့လုပ်နေပါတယ်။ သူတို့ပြောသလို မလုပ်ဘူးဆိုတာကို အာမခံပါတယ်” ဟု စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ဦးမေက ပြောသည်။
အဆိုပါ အလှူငွေကိစ္စနှင့်ပတ်သက်၍ စခန်းတွင် အရှုပ်အရှင်းအနည်းငယ်ရှိသည်ကို ကြားသိရကြောင်း ပုဏ္ဏားကျွန်းမြို့ခံတချို့မှ ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ရခိုင်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိ်ုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။