အဖက်ဖက်ကနိမ့်ကျနေသော ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့ရှူ၍ အာဏာသိမ်းကောင်စီ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ခြင်းဖြစ်ဟု ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကပြော

အဖက်ဖက်ကနိမ့်ကျနေသော ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့ရှူ၍ အာဏာသိမ်းကောင်စီ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ခြင်းဖြစ်ဟု ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကပြော

အဖက်ဖက်ကနိမ့်ကျနေသော ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ရှူ၍ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် တာဝန်ထမ်းရန် အာဏာသိမ်းကောင်စီ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းက ပြောသည်။

 

ဦးကျော်ငြိမ်းသည် ချင်းပြည်စီမံအုပ်ချုပ်ရေးကောင်းစီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းရန် အာဏာသိမ်းစစ်ကောင်စီ၏ ကမ်းလှမ်းခံရပြီး ယင်းရာထူးကို လက်ခံသဖြင့် ဒေသခံပြည်သူများ၏ ဝေဖန်မှုများခံခဲ့ရသည့်အပြင် ၎င်း၏ပါတီဖြစ်သော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) မှလည်း နှုတ်ထွက်ခဲ့ရသည်။

 

“ကောင်စီမှာပါဝင်ဖို့ လက်ခံလိုက်ပါတယ်။ လက်ခံရတဲ့အကြောင်းအရင်းကတော့ အဖက်ဖက်က နိမ့်ကျနေတဲ့ ကိုယ့်ဒေသအတွက် လုပ်နိုင်တာလုပ်ပေးလို့ရအောင်လို့ပါ။ ဒီနေ့ပဲ ဟားခါးကို ရောက်ပါတယ်။ ဘာတွေလုပ်သွားမယ်ဆိုတာကတော့ အရေးကြီးကိစ္စလေးရှိသေးလို့ နောက်မှ ပြောရအောင်" ဟု ဦးကျော်ငြိမ်းကပြောသည်။

 

ဦးကျော်ငြိမ်းသည် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် မတ် ၂ ရက်က ပလက်ဝမြို့မှ ထွက်ခွာခဲ့ပြီး မတ် ၃ ရက် ညနေပိုင်းတွင် ဟားခါးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ဦးကျော်ငြိမ်းသည် ယခင်က CPP ပါတီတွင် ဒုဥက္ကဌ၊ KACC တွင် ဥက္ကဌတာဝန်များကို တာဝန်ယူထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် CNLD ပါတီကိုယ်စားပြု၍ ပလက်၀မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ဘက် NLD ပါတီမှ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သော်လည်း အမျိုးသားရေးကိစ္စများတွင် အားကိုးအားထားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...