မြစ်ကြီးနား သပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူ ၇၀ကျော်ရှိ၊၎င်းတို့ပြန်လည်လွတ်မြောက်ရေး PCG လိုက်လံညှိနှိုင်းနေ

မြစ်ကြီးနား သပိတ်စစ်ကြောင်း ဖမ်းဆီးခံရသူ ၇၀ကျော်ရှိ၊၎င်းတို့ပြန်လည်လွတ်မြောက်ရေး PCG လိုက်လံညှိနှိုင်းနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) နံနက်ပိုင်းတွင် အကြမ်းဖက်ဖြို ခွင်းခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၇၄ဦးရှိကြောင်း သိရသည\

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် မြစ်ကြီးနားအခြေဆိုက် သတင်းဌာနတစ်ခုဖြစ်သည့် The 74 Media သတင်းဌာနမှ သတင်းထောက်တစ်ဦးလည်းပါဝင်ခဲ့သည်။

 

ထို့ပြင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများပစ်ခတ်ခြင်း၊ သေနတ်ဟုယူဆရသည်များဖြင့် ပစ်ခတ်ဖြိုခွင်းခြင်း၊ ဆန္ဒပြပြည်သူ များအား အကြမ်းဖက်ရိုက်နှက်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ သုံးဦးခန့် ရှိသည်။

 

ဖမ်းဆီးခံရသူများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အချုပ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းများရရှိထားပြီး လက်ရှိ ကချင်ငြိမ်းချမ်းရေးအကျိုးတော်အဖွဲ့ PCG က လိုက်လံညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စစ်အာဏာရှင်ဆန့်ကျင်သည့် မြစ်ကြီးနားမြို့ က သပိတ်စစ်ကြောင်းများသည် စံပြရပ်ကွက်နှင့် အောင်နန်းရပ်ကွက် စသည့်နေရာနှစ်ခု စစ်ကြောင်းနှစ်ကြောင်းဖြင့် လူဦးရေသိန်းချီက ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 

အကြမ်းဖက်ဖြိုခွင်းမှုများ၊ ထိခိုက်ဒဏ်ရရှိသည်များနှင့် ဖမ်းဆီးခံရသည့် အခြေအနေများရှိခဲ့သော်လည်း မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူသိန်းချီက ယနေ့နေ့လည် ၁၂ နာရီအချိန်ခန့်အထိ သွားလာလို့ရသည့် လမ်းကြောင်းများအတိုင်း တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များကို ရှောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

မြစ်ကြီးနားမြို့ရှိ ဈေးများ၊ ဆိုင်များ အားလုံးပိတ်ပြီး နွေဦးတော်လှန်ရေးမှ အာရှတော်လှန်ရေး အထွေထွေသပိတ်ကို မြစ်ကြီးနားမြို့ကလူငယ်များ၊ ရပ်မိရပ်ဖများ သိန်းချီက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...