မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် မိုးညှင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် မိုးညှင်း အစိုးရနည်ပညာကောလိပ်မှ ကျောင်းသားသမဂ္ဂမှ ကျောင်းသားတစ်ချို့ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
“ကျွန်တော်တို့ကို ၅၀၅ (က) နဲ့ တရားဆွဲထားပါတယ်။ ကျွန်တော်တို့ကတော့ အတက်နိုင်ဆုံးတော့ အခုရှောင်နေတယ်။ သတင်းကတော့ သေချာပါတယ်ဗျ” ဟု မိုးညှင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ပွဲရလဒ်ကို လှစ်လျူရှုကာ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ မိုးညှင်းမြို့တွင် ဆန္ဒပြလှည့်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အစိုးရ၀န်ထမ်းများဖြစ်သည့် တက္ကသိုလ်ကျောင်းဆရာ/ဆရာမများ၊ ကျမ်းမာရေး၀န်ထမ်းများ၊ မီးထား၀န်ထမ်းများ၊ လျှပ်စစ်၀န်ထမ်းများ နှင့် ပုဂ္ဂလိကဘဏ်များမှ ၀န်ထမ်းများက မိုးညှင်းမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အဆိုပါ CDM လုပ်ဆောင်သူများကို ပံ့ပိုးရန်စီစဉ်နေသည့် ဟရဟိတအဖွဲ့များမှ လူအချို့ကိုလဲ ညအချိန်မတော်တွင် ၀င်ရောက်ဖမ်းဆီမှုများနှင့် တရားဆွဲခံရမှုများလည်း ရှိခဲ့သည်။
မိုးညှင်းမြို့ရှိ တက္ကသိုလ်များဖြစ်သည့် မိုးညှင်းတက္ကသိုလ်နှင့် မိုးညှင်း အစိုးရမည်းပညာကောလိပ်တို့သည် CDM တက္ကသိုလ်များဖြစ်ကြောင်းသိရသည်။