စစ်အာဏာရှင်ဆန့်ကျင်သည့်သပိတ်ကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေးခုတွင် ဖမ်းဆီးခံရသူ ၂၀ နီးပါးရှိ

စစ်အာဏာရှင်ဆန့်ကျင်သည့်သပိတ်ကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေးခုတွင် ဖမ်းဆီးခံရသူ ၂၀ နီးပါးရှိ
by -
မင်းထွန်း (DMG)
ဓါတ်ပုံ - သံတွဲမြို့တွင် ဖေဖေါ်ဝါရီ ၁၆ ရက်က လုံခြုံရေးယူရန် လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်ရစဉ်
ဓါတ်ပုံ - သံတွဲမြို့တွင် ဖေဖေါ်ဝါရီ ၁၆ ရက်က လုံခြုံရေးယူရန် လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်ရစဉ်

စစ်အာဏာရှင်ဆန့်ကျင်သည့် သိပိတ်ကြောင့် ရခိုင်ပြည်နယ် မြို့နယ်လေးခုတွင် ဖမ်းဆီးခံရသူ ၁၉ ဦးရှိကြောင်း သိရသည်။

 

ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်ကြောင့် ဖမ်းဆီးခံရသူ အမ်းမြို့နယ်တွင် ခုနစ်ဦး၊ တောင်ကုတ်တွင် ခြောက်ဦး၊ မာန်အောင်တွင် နှစ်ဦးနှင့် သံတွဲတွင် လေးဦးရှိကြောင်းနှင့် အချို့ကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ နှင့် ငြိမ်းစုစီ ဥပဒေပုဒ်မ-(၁၉) တို့ဖြင့် သက်ဆိုင်ရာ မြို့ရှိ ရဲစခန်းများတွင်အမှုဖွင့်ထားကြောင်းလည်း သိရသည်။

 

ထိုသို့ အဖမ်းခံရသူများအနက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဖမ်းဆီးခံထားရသူလေးဦးကို ယနေ့ထိ တွေ့ခွင့်မရသဖြင့် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လေးဦးသည် သံတွဲမြို့မှ မမြဝင်း၊ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေးနှင့် ဦးခင်မောင်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့သည် ဖေဖေါ်ဝါရီ ၁၆ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကာ သံတွဲမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသော်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

 

ဖမ်းဆီးခံထားရသူ ကိုအောင်ခိုင်မြင့်၏မိခင် ဒေါ်မခင်မာထွေးက “ကျွန်မတို့ကို စခန်းမှာရှိတယ်ဆိုလို့ သွား တွေ့ မယ်ဆိုပြီးသွားတော့ ခွေးလိုနွားလိုမောင်းထုတ်ခံရတယ်။ တွေ့ခွင့်မရဘူး။ ကလေးတွေနဲ့တွေ့ခွင့် ပေးသင့်တယ်။ တစ်ခြားနေရာက ဖမ်းဆီးခံရသူတွေကိုလဲ တွေ့ခွင့်ပေးသင့်တယ်” ဟု ပြောသည်။

 

ဦးခင်မောင်မြင့်မှာ ဆန္ဒပြ၍ဖမ်းဆီးခံထားရသူများကိုပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုချိန်တွင် ဖမ်းဆီးခံရလိုက်ရခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မချစ်စုလွင်ကပြောသည်။

 

“ကျွန်မအဖေကဆန္ဒပြတာမှာမပါဘူး။ ကလေးတွေသွားတာကို တားဖို့အတွက် နောက်ကလိုက်သွားတာ။ အဲဒီမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်” ဟု မချစ်စုလွင်က ဆိုသည်။

 

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ငြိမ်း/စု/စီဥပဒေ၊ ဘေး/စီ/မံဥပဒေတို့ဖြင့် အမှုဖွင့်ထားသည်ဟု သိရကြောင်း မိသားစုဝင်များကပြောသည်။

 

ယင်းသို့ အမှုဖွင့်ထားသည့်ကိစ္စအားသိရှိနိုင်ရန် သံတွဲမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်း ရန်ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...