လစာပျောက်ဆုံးပါက မြို့နယ်ကျန်းမာရေးဌာန တာဝန်ခံရမည်ဟု သံတောင်ကြီးရှိ CDM ပြုလုပ်နေသည့် ကျမ်းမာရေးဝန်ထမ်းများ ထုတ်ပြန်

လစာပျောက်ဆုံးပါက မြို့နယ်ကျန်းမာရေးဌာန တာဝန်ခံရမည်ဟု သံတောင်ကြီးရှိ CDM ပြုလုပ်နေသည့် ကျမ်းမာရေးဝန်ထမ်းများ ထုတ်ပြန်
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ CDM (Civil Disobedience Movement) ပြုလုပ်နေသည့် ကျမ်းမာရေးဝန်ထမ်းများ၏ လုပ်ခ၊ လစာများ ပျောက်ဆုံးပါက မြို့နယ်ကျမ်းမာရေးဦးစီးဌာနက တာဝန်ခံရမည်ဟု အဆိုပါဝန်ထမ်းများက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သံတောင်ကြီးမြို့နယ် CDM ပြုလုပ်နေသည့် ကျမ်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို တာဝန်ခံ၍ နိုင်ငံဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ CDM ပြုလုပ်ခြင်းသည် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ဆန္ဒပြနေခြင်းဖြစ်သည်ကို ခွဲခြားသိစေလိုကြောင်း ဖော်ပြထားသည်။

ထို့သို ပြုလုပ်နေသည်ကို ဖုန်းဆက်၍ ခြိမ်းခြောက်ခြင်း၊ မက်လုံးပေး သွေးဆောင်ခြင်းများ မပြုလုပ်ရန်နှင့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲအနိုင်ရပြီး ပြည်သူရွေးချယ်သည့် အစိုးရဖွဲ့ပြီးချိန်မှသာ လုပ်ခ၊ လစာများ ပြန်လည်ထုတ်ယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သည့် လုပ်ခ၊ လစာများ လျော့နည်းပျောက်ဆုံးပါက မြို့နယ်ကျမ်းမာရေးဦးစီးမှူး၏ တာဝန်အလုံးစုံသာဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သံတောင်ကြီး CDM ကျမ်းမာရေးဝန်ထမ်းများ၏ မြို့နယ်ကျမ်းမာရေးဦးစီးဌာနမှူးရုံးသို့ ပေးပို့ထားသည့် ထုတ်ပြန်စာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ထံသို့လည်း မိတ္တူပေးပို့ထားသည်ဟု CRPH CDM supporting Team အဖွဲ့ဝင်တဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြုစုထားသော အချက်အလက်များအရ သံတောင်ကြီးမြို့နယ်တွင် အစိုးရဝန်ထမ်း ၁၈၂ ဦး CDM တွင် ပြုလုပ်လျက်ရှိကြောင်း ကော်မတီဝင်များထံမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...