စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများနှင့် ညှိနှိုင်းရန် ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများနှင့် ညှိနှိုင်းရန် ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့
by -
ခေါင်ညွယ် (KNG)

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများနှင့် ညှိနှိုင်းရန် ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့ကို အဖွဲ့ဝင် ၁၃ဦးဖြင့် ဖေဖော်ဝါရီ ၂၂ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 

အဆိုပါညှိနှိုင်းရေးကော်မတီတွင် တေးရေးဆရာ ဦးဖော်လားဂမ်ဖန်ကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပြီး KSPPပါတီမှ ဒုဥက္ကဌ ၃ ဒေါ်ဘောက်ဂျာလည်း ပါဝင်ကြောင်း  သိရသည်။

 

ကချင်ပြည်နယ် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌကဖေဖော်ဝါရီလ ၂၂ ရက်တွင် အစည်းအဝေးခေါ်ယူ၍ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

စေ့စပ်ညှိနိူင်းရေးကော်မတီတွင်ပါဝင်သူများအနေဖြင့်မည်သည့်ပါတီကိုမှ ကိုယ်စားမပြုဘဲ ပါတီဝင်ထားသူများ အနေဖြင့်လည်း ပါတီမှ နုတ်ထွက်ရမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...