စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများနှင့် ညှိနှိုင်းရန် ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့ကို အဖွဲ့ဝင် ၁၃ဦးဖြင့် ဖေဖော်ဝါရီ ၂၂ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းရေးကော်မတီတွင် တေးရေးဆရာ ဦးဖော်လားဂမ်ဖန်ကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပြီး KSPPပါတီမှ ဒုဥက္ကဌ ၃ ဒေါ်ဘောက်ဂျာလည်း ပါဝင်ကြောင်း သိရသည်။
ကချင်ပြည်နယ် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌကဖေဖော်ဝါရီလ ၂၂ ရက်တွင် အစည်းအဝေးခေါ်ယူ၍ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စေ့စပ်ညှိနိူင်းရေးကော်မတီတွင်ပါဝင်သူများအနေဖြင့်မည်သည့်ပါတီကိုမှ ကိုယ်စားမပြုဘဲ ပါတီဝင်ထားသူများ အနေဖြင့်လည်း ပါတီမှ နုတ်ထွက်ရမည်ဖြစ်ကြောင်း သိရသည်။
Published
Tuesday, February 23, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူများနှင့် ညှိနှိုင်းရန် ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့