စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်မှုအပေါ်ပြင်းထန်စွာရှုံ့ချကြောင်း ဦးမောင်းဟာကို မင်းတပ်သပိတ်အဖွဲ့ အိတ်ဖွင့်စာပေးပို့

စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်မှုအပေါ်ပြင်းထန်စွာရှုံ့ချကြောင်း ဦးမောင်းဟာကို မင်းတပ်သပိတ်အဖွဲ့ အိတ်ဖွင့်စာပေးပို့

အာဏာသိမ်းစစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသည့် ဦးမောင်ဟာ၏ လုပ်ရပ်အပေါ် ပြင်ထန်စွာရှုံ့ချ ကြောင်း ပါဝင်သည့် အိတ်ဖွင့်ပေးစာကို မင်းတပ်သပိတ်အဖွဲ့က ဖေဖော်ဝါရီ ၂၂ရက်က ပေးပို့ခဲ့သည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဦးမောင်းဟာအနေဖြင့် ဖခင်ဖြစ်သူ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူး မောင်း၏ ဂုဏ်သိက္ခာကို ထောက်ရှုခြင်းမရှိဘဲနိုင်ငံတော်အာဏာ သုံးရပ်ကို လက်နက်ပြသိမ်းပိုက်ခဲ့သည့် တပ်မ တော်နှင့်ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေသဖြင့် ဦးမောင်ဟာ၏ ၎င်း လုပ်ရပ်အပေါ် မိမိတို့သပိတ်အဖွဲ့အနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း ဖော်ပြထားသည်။

ဦးမောင်ဟာ၏ ဖခင် ဦးဝမ္မသူးမောင်းသည် နယ်ချဲ့အင်္ဂလိပ်ကိုတော်လှန်ခဲ့သော ချင်းမျိုးချစ်တော်လှန်ရေးခေါင်း ဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ် သပိတ်အဖွဲ့ဝင် ကိုမာန်အွမ်က  “ ကျွန်တော်တို့ ချင်းပြည်ရဲ့သမိုင်းမှာ ဦးမောင်းဟာရဲ့ ဖခင်ဖြစ်တဲ့ ဦးဝမ္မသူးမောင်းကိုယ်တိုင်က တိုက်သူကြီးအဖြစ် ခန့်အပ်တဲ့စာကို ပြန်ပေးပြီး ကန်ပလက်တာ ဘာပွဲမှာ အရင်ဦးဆုံး CDM စလုပ်ခဲ့တဲ့သူဖြစ်တယ်။ ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ ဦးမောင်းဟာကိုယ်တိုင်က အာဏာသိမ်း ကောင်စီမှာ ပူးပေါင်းဝင် ရောက်ပြီးမှ ဆောင်ရွက်နေတဲ့ကိစ္စတွေမှာ ကျွန်တော်တို့က မကြိုက်လို့၊ သူ့အနေနဲ့ အခုလုပ်ရပ်တွေကို ဆက်မလုပ်တော့ ဘဲ သူ့ကို ပေးထားတဲ့ရာထူးတွေကိုထားခဲ့ပြီးမှ ကျွန်တော်တို့နဲ့ တသားတည်းပြန်ပြီးတော့မှ ရပ်တည်ပေးဖို့ လိုချင်လို့ ကျွန်တော်တို့ အိတ်ဖွင့်ပေးစာရေးတာပါ”ဟု  ပြောသည်။

ထို့ပြင် ဦးမောင်းဟာသည် မိမိလူမျိုး၏ ဂုဏ်သိက္ခာ၊ ဖခင်၏ သမိုင်းဂုဏ်ရောင်တို့အား  ထောက်ညှာမှုမရှိ သော လုပ်ရပ် ဖြစ်သည့် မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်း စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်နေခြင်းကို အချိန်မှီ ရပ်တန့်ရန်၊ အာဏာသိမ်း စစ်ကောင်စီတွင် ဆက်လက်တာ ဝန်ထမ်း ဆောင်ခြင်းမပြုရန်၊ အကယ်၍ ဆက်လက်တာဝန်ထ မ်းဆောင်ပါက မိမိတို့လေးစား ဦးညွှတ်ရသော ဦးဝမ္မသူးမောင်းအား ဂုဏ်သိက္ခာငြိုးငယ်အောင် ပြုလုပ်သူ၊ ချင်းလူမျိုးအား သစ္စာဖောက်သူ အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံးချသွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင်ရေးသားဖော်ပြထားသည်။

တပ်မတော်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီး ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည့်အဖွဲ့ဝင် ဖြည့်စွက် စာရင်းတွင် မင်းတပ်မြို့နယ် ဝမ္မသူးရွာမှ ချင်းတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း၏သား ဦးမောင်းဟာက ကော်မတီဝင်အဖြစ်ပါဝင်လာခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...