ရှမ်းမြောက်ရှိ တီမာကျေးရွားအနီးတွင် KIAကို စစ်တပ်က အင်အားသုံးတိုက်ခိုက်

ရှမ်းမြောက်ရှိ တီမာကျေးရွားအနီးတွင် KIAကို စစ်တပ်က အင်အားသုံးတိုက်ခိုက်
by -
ခေါင်ညွယ်/ KNG

ပြည်လုံးကျွတ်သပိတ်လုပ်ဆောင်နေသည့် ဖေဖော်ဝါရီ ၂၂ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တီမာ (Dima) ကျေးရွာအနီးတွင် စစ်တပ်နှင့် KIA တို့ နံနက် ၈ နာရီမှစတင်၌ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ ဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက်၊ တပ်ရင်း ၉ နယ်မြေဖြစ်ပြီး စစ်တပ်က နေရာ ၃ ခုခွဲမှ KIA တပ်ဖွဲ့များရှိရာသို့ ၁၂၀ မမ၊ ၈၁ မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်ဘက်က ယခုလို လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် ကျေးရွာအပြင်ဘက်တွင်ရှိနေသော နေအိမ်အချို့ကိုလည်း ကျေးရွာအတွင်း ပြန်လည်နေရာပြောင်းရွေ့ထားခဲ့သည်ဟု ဆိုသည်။

“အခုတိုက်ပွဲဖြစ်နေတဲ့ တပ်ရင်း ၉ ကတော့ အရင် ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းကတည်းက တပ်မတော်စစ် ကြောင်းက ဝင်ရောက်လာတဲ့အချိန် တိုက်ပွဲဖြစ်တော့ သူတို့ဘက်က အထိနာသွားတယ်။ အဲကို မကျေနပ်လို့ အခုတစ်ခါ အင်အားသုံးပြီး ပြန်လာတိုက်တာ ထင်ရှားနေပါတယ်။ ဒါပေမယ့် ဘာကြောင့်အခုလိုသူတို့ ပြန်တိုက် လည်းတော့ မသိဘူး။ ပြီးတော့ အခု ဆန္ဒပြတဲ့ကိစ္စတွေမှာ KIA မပါဝင်ဖို့အတွက စစ်ရေးအရ အနှောက်အယှက် ပေးထားတာလည်း ဖြစ်နိုင်တယ်” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဖို့ထက် ပြည်သူလူထု၏အခွင့်အရေးကို အာဏာရှင်စနစ်ဖြင့် သိမ်းလိုက်တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးက အခြအနေပိုဆိုးလာနိုင်ကြောင်း ၎င်းကပြောသည်။

လက်ရှိ မူဆယ်ခရိုင် KIA တပ်ရင်း ၉ နယ်မြေတွင် တပ်မတော် တပ်မ ၉၉ ထိုးစစ်ဆင်နေပြီး၊ တိုက်ပွဲဖြစ်နေသည်မှာ သုံးရက်ရှိပြီဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...