ရွေးကေက်ပွဲသုံးကြိမ်လုံး အနိုင်ရရှိခဲ့သည့် ဒေါက်တာအောင်နိုင်ဦး မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်

ရွေးကေက်ပွဲသုံးကြိမ်လုံး အနိုင်ရရှိခဲ့သည့် ဒေါက်တာအောင်နိုင်ဦး မွန်ညီညွတ်ရေးပါတီမှ နုတ်ထွက်
by -
စိုင်းထွန်းစံ (MNA) & Myat Thwin Oo (Hinthar)

မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င် ဒေါက်တာအောင်နိုင်ဦးက ပါတီမှ အပြီးအပိုင် နုတ်ထွက်စာတင်လိုက်ကြောင်း ကာယကံရှင်က အတည်ပြုပြောကြားခဲ့သည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါက်တာအောင်နိုင်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားအတိုင်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “ရပ်တည်ခံယူထားတဲ့ ဒီမိုကရေစီနှုန်းစံတန်ဖိုးတွေ ဘယ်လိုအကြောင်းနဲ့မှ ယိမ်းယိုင်မပြိုလဲစေရပါ၊ မဲဆန္ဒရှင်လူထုရဲ့ ယုံကြည်အားကိုးမှုကို အဓမ္မဝါဒီတွေအတွက် မဖြစ်စေရပါ။ ပြောသင့်ပြောထိုက်တာ ပြောခဲ့ပြီးပြီ။ လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်သွားပါမယ်။ ပြတ်သားချိန်တန်တော့ ပြတ်သားစေရပါမယ်" ဟု ရေးသားထားသည်။

 

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀  ရွေးကောက်ပွဲသုံးကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံထားရသူလည်းဖြစ်သည်။

 

မွန်ညီညွတ်ရေးပါတီသည် အာဏာသိမ်းကောင်စီတွင် တစ်နေရာ တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းချက်ကို လက်ခံပြီးနောက်ပိုင်း မဲဆန္ဒရှင်များနှင့် လေ့လာသူများအကြား ဝေဖန်ပြောဆိုချက် မြင့်တက်ခဲ့ရသည့် ပါတီလည်းဖြစ်သည်။

 

ယင်းကမ်းလှမ်းချက်ကို ပါတီ၏ ဖေဖော်ဝါရီ ပထမပတ် CEC အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ တက်ရောက်သူ ၄၀ နီးပါးတွင် ကန့်ကွက်သူ ၁၀ ဦးကျော်ရှိသော်လည်း အများစုက သဘောတူသဖြင့် လက်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ပြောဆိုထားကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...