နိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲတစ်ခုကို မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကျောက်စိမ်းတုံးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်ဆန့်ကျင်မှုတွင် ကျဆုံးသွားသည့် ပြည်သူပြည်သား တစ်ဦးခြင်းစီနှင့် ကျန်ရှိနေသည့် မိသားစုဝင် တစ်ဦးခြင်းစီအတွက်လည်းကောင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ဦးခြင်းစီ၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်လည်းကောင်း၊ အနာဂါတ်အတွက် စစ်မှန်ပြီး၊ တရားမျှတသော အုပ်ချုပ်ရေးစနစ် မြန်မာနိုင်ငံတော်တွင် ပေါ်ထွန်းလာရေးတို့အတွက်လည်းကောင်း၊ ဘာသာလူမျိုးစုံတို့၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း ထိုသို့ မီးထွန်းဆုတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအစီအစဉ်တွင် မြစ်ကြီးနားမြို့ရှိ ပြည်သူ ၅၀ ကျော် တက်ရောက်ဆုတောင်းခဲ့ကြောင်း သိရသည်။
Published
Monday, February 22, 2021
နိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်