Published
Monday, February 22, 2021
တပ်မတော်ထောက်ခံပွဲကို မိုးညှင်းမြို့ခံများ သံပုံးတီးနှင်
ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲစီတန်းလှည့်လည်မှုကို မိုးညှင်းမြို့ခံများက သံပုံးတီးနှင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများက ထီးလင်းကဇာတ်ရုံမှ ပြည်ထောင်စုလမ်းမအတိုင်း ဆန္ဒထုတ်ဖော်လာခဲ့သည့် အချိန်တွင် ဒေသခံများက သံပုံးတီးခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများက အာဏာသိမ်းကောင်စီကို ထောက်ခံကြောင်း ၊ CDM လှုပ်ရှားမှုကို ရှုံ့ချကြောင်း ၊ ပြည်ပအားကိုး ပုဆိန်ရိုးစသည့် ကြွေးကြော်သံများဖြင့် ထုတ်ဖော်ခဲ့သည်။
တပ်မတော်ထောက်ခံပွဲကို အာဏာသိမ်းပြီးနောက် ေဖဖော်ဝါရီ ၁၈ ရက်နေ့က ကချင်ပြည်နယ်အတွင်း မိုးကောင်းမြို့တွင် ပထမဆုံးပြုလုပ်ခဲ့သည်။