ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုတွင် ဌာနဆိုင်ရာဝန်းထမ်းပူးပေါင်းမှု ပိုမိုအားကောင်းလာ

ကယားပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုတွင် ဌာနဆိုင်ရာဝန်းထမ်းပူးပေါင်းမှု ပိုမိုအားကောင်းလာ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော လူထုလှုပ်ရှားမှု (CDM) ၌ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်မှု လျော့နည်းခြင်းမရှိဘဲ ပိုမိုအားကောင်းလာကြောင်း သိရသည်။

 

အဆိုပါပြည်နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစသည့် ဌာနဆိုင်ရာဝန်ထမ်းများသည် စစ်အာဏာရှင်ဆန့်ကျင်သော လူထုလှုပ်ရှားမှုတွင် ပါဝင်မှုပိုများသည်ဟု ဆိုသည်။

 

ယင်းသို့ CDM တွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ အစိုးရဝန်ထမ်းမဟုတ်ဘဲ ပြည်သူပေးသောလစာကို စားနေရသည့် ပြည်သူ့ဝန်ထမ်းဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း ပညာရေးဌာနက ဝန်ထမ်းတစ်ဦးက ပြောသည်။ 

 

“ကျွန်မတို့က ပြည်သူပေးတဲ့လစာကို စားတယ်။ ဟုတ်တယ်မှတ်လား အဲ့ဒါကြောင့် အခုလို စစ်အာဏာရှင်စနစ်ကို ရှုတ်ချဖို့လိုတယ်။ အဲ့ဒါကြောင့် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ထို့ကြောင့် အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူ့ဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှု (CDM) ပိုမိုပူးပေါင်းပါဝင်ပေးရန် ကယားပြည်နယ် စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးက တောင်းဆိုလိုက်သည်။ 

 

“ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး (CDM) အခန်းကဏ္ဍက အရေးကြီးဆုံးပဲပေါ့။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်စနစ်ကို ယန်းပေးမှာကလည်း ဒီအစိုးရဝန်ထမ်းတွေပဲပေါ့။ ကျန်ဝန်ထမ်းတွေလည်း ပါဖို့လိုပါတယ်။ ဥပမာ အရေးကြီးဆုံးက ပြည်ထဲရေးဌာနမှာရှိတဲ့ အကျဉ်းထောင်တွေပါဝင်လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဘယ်လိုပြောရမလဲ သူတို့ရဲ့ရွေးချယ်မှုပေါ့နော်။ နည်းနည်းတော့ပြောချင်တာက ပါဝင်ပေးဖို့လိုတယ်။ စစ်အာဏာရှင်ကို မျက်နှာမူမလား။ လူထုကို မျက်နှာမူမလားဆိုတာ ရဲရဲတင်းတင်းဆုံဖြတ်ရမယ့်အချိန်ပေါ့နော်။ သူတို့ပါဝင်မှပဲ ဒီစစ်အာဏာရှင်ချုပ်ငြိမ်းရေးကိစ္စက ပိုထိရောက်မယ်လို့ အဲ့လိုယူဆပါတယ်” ဟု ၎င်းကပြောသည်။

 

ကယားပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သောလူထုလှုပ်ရှားမှု (CDM) ၌ ပြည်ထဲရေးလက်အောက်ဌာနတစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့မှ ၇၁ ဦးအထိ ပူးပေါင်းပါဝင်လာပြီဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...