ကလေးမြို့တွင် စစ်အာဏာဆန့်ကျင်ရေး ၁၁ ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်

ကလေးမြို့တွင် စစ်အာဏာဆန့်ကျင်ရေး ၁၁ ရက်မြောက်နေ့ ဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့် ၁၁ ရက်မြောက်နေ့ လူထုဆန္ဒဖော်ထုတ်မှုကို ယနေ့နံနက်ပိုင်း ၉ နာရီမှစ၍ ပြုလုပ်ခဲ့ကြသည်။

 

ဆန္ဒဖော်ထုတ်သည့်သပိတ်စစ်ကြောင်းသည် ကလေးမြို့အရှေ့ဘက်ခြမ်းတွင် စကားလှအရပ်မှ စတင်ထွက်ခွာခဲ့ဖြစ်ပြီး ဒုတိယစစ်ကြောင်းအနေဖြင့် ကလေးမြို့ အနောက်ဘက်ခြမ်းတွင် နေကြာတိုက်မှ သပိတ်စစ်ကြောင်းတစ်ကြောင်း ထပ်မံထွက်ခွာခဲ့ကြောင်းသိရသည်။

 

နိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်များ ပိုမိုမြင့်မားလာလျက်ရှိပြီး တချို့မြို့နယ်များတွင် ရဲတပ်ဖွဲ့ကလည်း ရာဘာကြည်များ၊ ကြည်အစစ်များနှင့် ပစ်ခတ်ဖြိုခွင်းများပြုလုပ်လျက်ရှိသည်။

 

သို့သော်လည်း ပြည်သူများ၏ အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ပိုမိုပြင်းထန်လာလျက်ရှိပြီး ပြည်သူ့ဝန်ထမ်းများလည်း CDM တွင် ပိုမိုပူးပေါင်းလာသဖြင့် လတ်ရှိတွင် ဘဏ်လုပ်ငန်းနှင့် မီးရထားပြေးဆွဲမှုများ လုံးဝရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူ့ဝန်ထမ်းများ CDM တွင် ဆက်လက်ပူးပေါင်းပါဝင်ရန် ပြည်သူများက လှုံ့ဆော်လျက်ရှိပြီး CDM တွင်ပါဝင်သည့် ဝန်ထမ်းများကို တစ်သီးပုဂ္ဂလအလှူရှင်များက ဆန်နှင့်ဆီများထောက်ပံ့ခြင်း၊ ငွေကြေးများထောက်ပံ့ခြင်းများ ပြုလုပ်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...