အမ်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် ချင်းတက္ကသိုလ်ကျောင်းသားနှစ်ဦး ဖမ်းဆီးခံရ

အမ်းမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် ချင်းတက္ကသိုလ်ကျောင်းသားနှစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တပ်မတော်စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ချင်းတက္ကသိုလ်ကျောင်းသား - ရခိုင်ပြည်နယ်အဖွဲ့ဝင် နှစ်ဦးတို့ကို ဖေဖော်ဝါရီ ၈ ရက်ညပိုင်းက အိမ်းမြို့ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

 

ချင်းတက္ကသိုလ်ကျောင်းသား ရခိုင်ပြည်နယ်အဖွဲ့ (CUSR) ဥက္ကဌ မိုင်ခိုင်ဇင်မေသန်းက “ဆန္ဒပြပွဲမှာ ပါတယ်လို့ကြားတယ်။ စစ်တပ်အာဏာသိမ်းတာကို မထောက်ခံလို့ ဆန္ဒပြပွဲမှာပါဝင်လို့ ကျွန်တော်တို့ CUSR အဖွဲ့ထဲက ဖမ်းဆီတဲ့အထဲမှာ နှစ်ယောက်ပါသွားတယ်” ဟု ပြောသည်။

 

ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် ချင်းတက္ကသိုလ်ကျောင်းသား အဖွဲ့ဝင်နှစ်ဦးမှာ မိုင်ရတာနာအောင်နှင့် ဆလိုင်းမင်းထိုက်အောင်တို့ဖြစ်ကြပြီး ၎င်းတို့ကို ချုပ်ရမန်ယူကာ အမ်းမြို့ရဲစခန်းတွင် ၂ ပတ်ထိန်းသိမ်းထားသည်ဟု သိရသည်။

 

ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ရခိုင်ပြည်နယ် အမ်းမြို့တွင်လည်း ငြိမ်းချမ်းစွာ စည်တန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုပြုလုပ်ကြသည်။  

 

အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ချင်းတက္ကသိုလ်ကျောင်းသူကျောင်းသားနှစ်ဦးအပါအဝင် ဒေါ်လှမေကျော်၊ မစိုးကလျာထွန်း၊ မတင်ချိုချိုထွေး၊ ကိုအောင်မျိုးထွဋ်တို့ကိုလည်း ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်းသိရသည်။

 

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ခြောက်ဦးကို အမ်းမြို့ ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...