ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း လေးရက်မြောက်နေ့ဆန္ဒဖော်ထုတ်၊ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လာ

ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း လေးရက်မြောက်နေ့ဆန္ဒဖော်ထုတ်၊ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လာ

ချင်းပြည်နယ် ဟားခါးမြို့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်ကြောင်း ၄ ရက်မြောက်အဖြစ် ယနေ့ ညနေပိုင်း ၂ နာရီမှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများမှလည်း ဝင်ရောက်ပူးပေါင်းပါဝင်ကာ လူဦးရေ ၁၀၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ပြည်နယ် ခရိုင် မြို့နယ်က ထွေအုပ်ဝန်ထမ်း ၁၂၄ ဦးအနေနဲ့ CDM လှုပ်ရှားမှုကို ဒီနေ့စတင်ကြတယ်၊ ပြီးတော့ ခုလက်ရှိ ဆန္ဒထုတ်ဖော်ပွဲမှာလည်း ဝင်ရောက်ပူးပေါင်းတယ်။ အဓိကတော့ စစ်အာဏာရှင်ကနေ မတရားသိမ်းပိုက်ထားတဲ့ စနစ်အောက်မှာ အလုပ်မလုပ်ချင်တော့ဘူး။ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရအောက်မှာဘဲ အလုပ်လုပ်ချင်တာကြောင့် ဒီအစီအစဉ်ကို စလုပ်ကြတာပါ” ဟု ဟားခါး ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးကပြောသည်။

 

ယနေ့ ဟာခါးမြို့တွင်ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အင်ဂျင်နီယာများနှင့် အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများအပါဝင် သင်းအုပ်ဆရာများ၊ ကျောင်းသားများနှင့် ပြည်သူအများအပြား ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

 

ဟားခါးမြို့တွင် ပြုလုပ်နေသည့် ဆန္ဒပြသူများအား အားပေးသည့်အနေဖြင့် ပြည်သူများမှ လမ်းဘေးမှရပ်ကာ အာဏာရှင်ဆန့်ကျင်သည့် သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ခြင်း လက်ခုပ်တီးခြင်းအပြင် ဈေးဆိုင်ခန်းများ ပိတ်ထားခြင်းများဖြင့် အားပေးခဲ့ကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...