ကချင်ပြည်နယ် စည်ပင်သာရေး၀န်ကြီး ဦးနော်လီ ယနေ့တိုင် လွတ်မြောက်ခြင်းမရှိသေးကြောင်းနှင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပါ ထိန်းသိမ်းခံထားရကြောင်း ညီဖြစ်သူ၏ပြောကြားချက်အရ သိရသည်။
စည်ပင်ဝန်ကြီး ဦးနော်လီ၏လူမှုကွန်ယက်စာမျက်နှာသည် Z Naw Li ဆိုသည့်အကောင့်ဖြစ်ပြီး ဖော်လိုဝါ ၁၀၃၀၀ ကျော်ရှိကာ ဇန်နဝါရီ ၃၀ ရက်က တင်ထားသည့် ၁/၂၀၂၁ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆိုသည့်ပို့စ်မှာ နောက်ဆုံးတင်ထားခြင်းဖြစ်ပြီး လက်တလော ပို့စ်အသစ်တက်ပါက ၀န်ကြီးတင်ခြင်းမဟုတ်ကြောင်း ၎င်းကပြောသည်။
စည်ပင်၀န်ကြီးဦးနော်လီကို တပ်မတော်အာဏာသိမ်းသည့်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိကြောင်းနှင့် မည့်သည်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း သိရသည်။
Published
Tuesday, February 09, 2021
စည်ပင်၀န်ကြီး ဦးနော်လီ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးအပြင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပါ ထိန်းသိမ်းခံထားရ