မိုးညှင်းမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ပြည်သူငါးသောင်းကျော် ဆန္ဒပြ

မိုးညှင်းမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ပြည်သူငါးသောင်းကျော် ဆန္ဒပြ

တပ်မတော် အာဏာသိမ်းမှုနှင့်ပတ်သက်၍ ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဒေသခံငါးသောင်းကျော်က ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၈ ရက်မနက် ၈ နာရီမှစ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသခံများသည် မိုးညှင်းမြို့ရှိ ရွေသာလျောင်းဇာတ်ရုံရှေ့တွင် စုစည်း၍ မြို့ကိုတစ်ပတ်လှည့်လည်ကာ စစ်အုပ်ချုပ်ရေးအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်က.. ပြည်သူ့ဆန္ဒ၊ ဒေါ်အောင်ဆန်းစုကြည်... ကျမ်းမာပါစေ စသဖြင့် ကြွေးကြော်ခဲ့ကြပြီး ၎င်းဆန္ဒပြပွဲကို မိုးညှင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ ပူးပေါင်းပါ၀င်လာကြကြောင်းနှင့် လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေသည်ဟုဆိုကာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံ့အာဏာကိုသိမ်းယူခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများနှင့် တိုင်းရင်းသားဒေသများ၌ လူပေါင်းသောင်းချီပါဝင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်လာလျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...