အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် အာဏာရှင်လုပ်ရပ်မှန်သမျှ ကန့်ကွက်ကြောင်း ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် ထုတ်ပြန်

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် အာဏာရှင်လုပ်ရပ်မှန်သမျှ ကန့်ကွက်ကြောင်း ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် ထုတ်ပြန်

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် အာဏာရှင်လုပ်ရပ်မှန်သမျှ ကန့်ကွက်ကြောင်း ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပျက်ပြားအောင်စေမည့်ထုတ်ပြန်ချက်များကိုလည်း ကန့်ကွက်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“တပ်မတော်က အာဏာသိမ်းတယ်။ အဲဒီကိစ္စကိုလည်း ကန့်ကွက်တယ်။ အဲနောက်မှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကိုပျက်ပြားစေတဲ့ ထုတ်ပြန်ချက်တွေ ထွက်လာတယ်။ အဲတာတွေက ပွဲလန့်တုန်းဖျာခင်းတာ။ ပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း ပျက်ပြားအောင်လုပ်နေသလိုဖြစ်နေတယ်” ဟု ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်မှ ဗဟိုကော်မတီ၀င်တစ်ဦးက ပြောသည်။

မြန်မာ့တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံခေါင်းဆောင်များ အမြန်ဆုံးလွတ်လပ်စွာရပ်တည်နိုင်ရေးကို အလေးအနတ်ထားတောင်းဆိုကြောင်းနှင့် ကချင်အမျိုးသားအစည်းအရုံး၏ ၃.၃.၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်ကြေညာချက် အပိုဒ် ၇၊ ၈၊ ၉ ပါအချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသည့်အပြင် ပြည်ထောင်စုပျိုးကွဲရေးအား တွန်းပို့သည့် စာသားများဖြစ်သည့်အတွက် ဆန့်ကျင့်ကန်ကွက်ကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် နဂိုမူလအတိုင်း သီးခြားလွပ်လပ်သောတိုင်းပြည်အဖြစ် တည်ထောင်ရန်လမ်းစဉ်ကို ရွေးချယ်ရန်သာကျန်တော့ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် လွပ်လပ်သော ကချင်ပြည်တည်ထောင်ပြီး ကချင်ပြည်သူလူထုနှင့် ကချင်လူထုမှ ရွေးကောက်သောအစိုးရဖြင့် ကချင်ပြည်နယ်အားအုပ်ချုပ်သွားမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အား ဗမာအစိုးရက လာရောက်အုပ်ချုပ်ရန်မလိုအပ်ကြောင်း ဖော်ပြခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...