ကချင်ပြည်နယ် NLD ရုံးမှ ပါတီအလံနှင့် ဆိုင်းဘုတ်များကိုဖြုတ်ချ

ကချင်ပြည်နယ် NLD ရုံးမှ ပါတီအလံနှင့် ဆိုင်းဘုတ်များကိုဖြုတ်ချ

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးမှ ပါတီအလံများနှင့် ဆိုင်းဘုတ်များဖြုတ်ချခြင်းကို (ယနေ့) ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးသည် မြစ်ကြီးနားမြို့၊ စီတာပူ၊ နောင်ရာ ရပ်ကွက်တွင်တည်ရှိပြီး ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာသိမ်းပြီးနောက် သုံးရက်မြောက်နေ့တွင် ယခုလို ပါတီဆိုင်းဘုတ်ဖြုတ်ချခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ထိုရုံးအနီးတွင် တပ်ကလုံခြုံရေးချထားကြောင်းသိရသည်။

တပ်မတော်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့ကို ဖမ်းဆီထိန်းသိမ်းခဲ့ပြီး တစ်ရက်အကြာတွင် အများစုကိုပြန်လည်လွှတ်ပေးခဲ့သော်လည်း စည်ပင်ဝန်ကြီး ဦးနော်လီနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးများသည်သုံးရက်အတွင်း ဝန်ကြီးအိမ်ယာမှ ပြောင်းရမည်ဖြစ်ပြီး ဖုန်းနှင့်ဆင်းမ်ကတ်အပြင် ဝန်ကြီးအဆောင်အယောင်များကို သုံးရက်အတွင်း အပြီးအပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမာမှုများရှိခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် တပ်မတော်က အာဏာသိမ်း၍ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ရှိတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူထားသည်။

နိုင်ငံ့အာဏာအား ထိုသို့ရယူသည့်အပေါ် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းများအသီးသီးက သဘောထားများထုတ်ပြန်ရှုံ့ချခဲ့သော်လည်း ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း အံ့သြဖွယ်တွေ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...