နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ခြင်းက ဒီမိုကရေစီ အသွင်ကူပြောင်းရေးလုပ်ငန်းစဉ်များကို ကြီးမားစွာအဟန့်အတားဖြစ်စေ

နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ခြင်းက ဒီမိုကရေစီ အသွင်ကူပြောင်းရေးလုပ်ငန်းစဉ်များကို ကြီးမားစွာအဟန့်အတားဖြစ်စေ
by -
စိုင်းထွန်းစံ (MNA)

တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ခြင်းက ဒီမိုကရေစီ အသွင်ကူပြောင်းရေးလုပ်ငန်းစဉ်များကို ကြီးမားစွာအဟန့်အတားဖြစ်စေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သဘောထားကြေညာချက်ကို ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်လိုက်သည်။

တပ်မတော်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီး၍ နိုင်ငံတော် အာဏာသိမ်းယူလိုက်ခြင်းနှင့်ပတ်သက်၍ KNU ၏သဘောထားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ အနာဂတ်အရေးကို ဆိုးဝါးစွာထိခိုက်စေမည်ဖြစ်ကြောင်း KNU က သတိပေးထားသည်။

တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက်တွင် NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များအပါအဝင်၊ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများနှင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU က အနာဂတ်အတွက် လွန်မင်းစွာ ပူပန်မှုဖြစ်ပေါ်ရကြောင်း ထိုထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့ပြင် ယခုအချိန်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေသည့် ကာလဖြစ်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ချွင်းချက်မရှိလွှတ်ပေးပြီး နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အလေးအနက်တောင်းဆိုကြောင်းလည်း KNU က တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဟု ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...