တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်များကို အတည်ပြုရန် စိစစ်ရေးကော်မတီ ဖွဲ့စည်း

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်များကို အတည်ပြုရန် စိစစ်ရေးကော်မတီ ဖွဲ့စည်း
by -
ထွန်းခိုင်/ နိရဥ္စရာ၊
ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တာ်
ဓာတ်ပုံ - ရခိုင်ပြည်နယ်လွှတ်တာ်

လာမည့်တတိယအကြိမ်ရခိုင်ပြည်နယလွှတ်တော်သက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်များကို  တည်ပြုနိုင်ရေး စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သော ဇန်နဝါရီ ၂၈ ရက်နေ့လယ် ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ(၂)တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

 

“ ပြည်နယ်တော်လွှတ်တော်ဆိုင်ရာ ဥပဒေအတိုင်းဖွဲ့စည်းတာပါ။  လွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အ တည်မပြုမီမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကို ဖွဲ့စည်းရတယ်။ အဲဒီစိစစ်ရေးကော်မတီကပဲ လွှတ်တော်ကိုယ်စားလှယ်တွေကို စိစစ်အ တည်ပြုတာပါ။ စိစစ်လို့ မှန်ကန်ရင် လွှတ်တော်ခန်းမထဲကို ဝင်ခွင့်ရှိမယ် ” ဟု ၎င်းက ပြောသည်။

 

ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့တွင် ဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနှင့် အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ကော်မတီဝင် ငါးဦးပါဝင်သော်လည်း ၎င်းတို့ ငါးဦးမှာ မည်သူမည်ဝါဖြစ်သည်ဟုဆိုသည်ကို လောလောဆယ် ထုတ်ဖော်မ ပြောနိုင်သေးဟုလည်း ဆိုသည်။

 

အဆိုပါအဖွဲ့၏ သက်တမ်းမှာ တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် များ စိစစ်ရေးကော်မတီဖွဲ့စည်းသည်အထိသာ ရှိမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် လာမည့် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် စိစစ်အတည်ပြုမည်ဖြစ်ပြီး ၎င်းတို့အတည်ပြုလိုက်သည့်လွှတ်တော်ကိုယ်စားလှယ်များသည် ၉ ရက်စတင်မည့် တတိယအကြိမ်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့်ရရှိကြမည်ဖြစ်သည်။

 

အဆိုပါအဖွဲ့ဖွဲ့စည်းသည့်အစည်းအေဝးသို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်စိုး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်၊ စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အနိုင်ရရှိခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သာနို့နှင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင်ပါဝင်မည့် တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ဝင်းဗိုလ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...