တစ်ဘီလီယံတန် ဧရာဝတီမြစ်ကူးတံတားသစ်တစ်စင်း လာမည့်အစိုးရသက်တမ်းအတွင်း အပြီးတည် ဆောက် မည်

တစ်ဘီလီယံတန် ဧရာဝတီမြစ်ကူးတံတားသစ်တစ်စင်း လာမည့်အစိုးရသက်တမ်းအတွင်း အပြီးတည် ဆောက် မည်
by -
ခေါင်ညွယ်/ KNG

ကချင်ပြည်နယ် အရှေ့ဘက်နှင့် အနောက်ဘက်ကိုဆက်သွယ်မည့်ထားသော ဧရာဝတီမြစ်ကူးတံတားသစ် တစ်ခုကိုလာမည့် အစိုးရသက်တမ်းအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကူးတံတားသစ်ကို သက်တမ်း ၂၅နှစ်ကျော်ရှိပြီဖြစ်သဖြင့် ခံနိုင်ဝန်အားနည်းပါးလာသည့် ဗလမင်းထင်းတံတားကိုအသုံးပြုမှု လျော့ချရန်အတွက် နောက်ထပ်တံတားအသစ်ဆောက်လုပ်ရန်လျာထားခြင်းဖြစ်ပြီး ဗလမင်းထင်တံတားဘေးတွင်ကပ်တည်ဆောက်မည်ဖြစ်ကာ ပြည်ထောင်စုဘတ်ဂျတ်ငွေ ငွေလုံး ငွေရင်းရံပုံငွေမှ တစ်ဘီလီယံသုံးစွဲကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လမ်းတံတား အထူးဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ပြောသည်။

“ကျွန်တော််တို့ ဒီတံတားတည်ကို ခုချိန်မှာတော့မြေစမ်းသပ်ခြင်းများ၊ လမ်းပုံထုတ်တိုင်းတာခြင်းများ၊ တံတားပုံထုတ်တိုင်းတာခြင်းများ ဆောင်ရွက်ပြီးစီးချင်းသလောက်ရှိနေပါပြီ။ မြေယာကိစ္စနဲ့ပတ်သက်ပြီးတော့ မြေနေရာသိမ်းဆည်းရေးအတွက်လည်း ပြည်နယ်အစိုးရကနေ ဖွဲ့စည်းပေးထားတဲ့ မြေယာကော်မတီ နှင့်ညှိနှိုင်းပြီးတော့ မြေယာကိစ္စရှင်းလင်းဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယညွှန် ကြားရေးမှူး ဦးစောဇာနည်လှက ပြောသည်။

အဆိုပါ တံတားကို သုံးနှစ်အတွင်းတည်ဆောက်သွားရန်စီစဉ်ထားပြီး လက်ရှိဗလမင်းထင်တံတား၏ အောက်ဘက်မီတာ ၄၀အကွာတွင် တည်ဆောက်မည်ဖြစ်ကာ တံတား၏အခန်းဖွဲ့စည်းပုံကို လက်ရှိတံတားအတိုင်း ဆောက်လုပ်သွားမည်ဟု ဆိုသည်။

အဆိုပါတံတားကို တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး တံတားသစ်တည်ဆောက်ပြီးလျှင် လက်ရှိတံတားနှင့် အသွားတစ်လမ်း အပြန်တစ်လမ်း အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ဗလမင်းထင်တံတားကို ၁၉၉၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာ ၉ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ တံတားသက်တမ်း ယခုဆိုလျှင် နှစ်၂၅နှစ်ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ရန် လျာထားသည့်နေရာတွင် မြစ်ကြီးနားဘက်မှ ဒေသခံပြည်သူများ၏ နေအိမ် သုံးလုံးပါဝင်နေပြီး ထိုနေအိမ်များနစ်နာမရှိစေရေးအတွက် လျော်ကြေးပေးရန် စီစဉ်နေကြောင်းလည်း မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

“တံတားဆောက်မယ့် မြေနေရာမှာမြေနေရာမလွှတ်တာ အဲမြေနေရာမှာပါသွားတဲ့ အိမ်လေးသုံးလုံးရှိပါတယ်။ အဲဒါကို လျှော်ကြေးပေးဖို့ တွက်ချက်ခိုင်းနေပါတယ်။ တွက်ချက်ရေးအဖွဲ့ဖွဲ့ပြီး တွက်ချက်ပေးနေပါတယ်။ တွက်ချက်ပြီးရင်တော့ ဘယ်အိမ်ကို ဘယ်လောက်လျှော်မယ်ဆိုတာကို အစိုးရကိုတင်ပြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အသစ်တည်ဆောက်မည့် တံတားဆောက်လုပ်ပြီးစီးပြီးနောက် လက်ရှိဗလမင်းထင်တံတားကိုလည်း ပြန်လည် ပြင် ဆင်ခြင်းများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...