တောင်ကြီးမြို့တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်း

တောင်ကြီးမြို့တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်း
by -
ယိင်းတိုင်း ၊ သျှမ်းသံတော်ဆင့်

ရှမ်းပြည်နယ်တေင်ကြီးမြို့တွင် ပြုလုပ်မည့် တပ်မတော်ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ဗမာ တိုင်းရင်းသားရေးရာ လူမျိုးကိုယ် စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီမှ ဦးဝင်းကြည်က ဦးဆောင်၍ တောင်ကြီးမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

"တက်လာမယ့် လူအင်အားနဲ့ ကျွန်တော်တို့ယူရမယ့်တာဝန်နဲ့မျှဘူး။ ဖြစ်လာမယ်ဆိုရင် အတူတူခံရမှာလေ။ အဓိက ကတော့ ကိုဗစ်ကြောင့်ပေါ့။ ငြိမ်စုစီဥပဒေအရ ကျွန်တော်က အားမခံတာက ၂၉ ယောက်ပေါ့။ ကိုဗစ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျော့ကျနေပေမယ့် တောင်ကြီးမှာ ပြန်တက်နေတယ်။ စိုးရိမ်လို့ပါ။ တက်လာမယ့် လူအင်အားက ငါးထောင်၊တစ်သောင်းလောက်ရှိမယ်” အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် ဦးဝင်းကြည် ကပြောသည် ။

ဆန္ဒဖော်ထုတ်ရန် အဓိကရည်ရွယ်ချက်မှာ ၂၀၂၀ ရွေးကောက်ပွဲ မှ မဲမသမာမှုများအား တပ်မတော်က စီစစ်ဆောင်ရွက်နေမှုများကို ထောက်ခံကြောင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ မှပေးအပ်ထားသောတာဝန်များကို ပြတ်သားစွာ ဆောင်ရွက်ပေးရန်တို့အတွက် တပ်မတော်ထောက်ခံခြင်း ဖြစ်ကြောင်း သိရသည် ။

ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များကို မကျေနပ်သောကြောင့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီမှ တောင်ကြီးမြို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့တွင် ပြီးခဲ့သည့်နိုင်ဝင်ဘာ ၁၇ ရက်ကဆန္ဒထုတ်ဖော်ခဲ့သေးသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...