၂၀၂၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ရခိုင့်နိုင်ငံရေးအခင်းအကျင်းခေါင်းစဉ်ဖြင့် Debateတစ်ခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေသဇင်ဟိုတယ်တွင် ယနေ့ (ဇန်နဝါရီ ၁၈ ရက်) မနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲအား နိရဉ္စရာသတင်းဌာနနှင့် BNI တို့ပူးပေါင်း၍ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တွင် ပထမဆုံးပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပွဲကို ကိုဗစ်ဥပဒေနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်ဆွေးနွေးသူများအနေဖြင့် သမိုင်းသုတေသီ ဒေါက်တာအေးချမ်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခိုင်အောင်စံ၊ ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်တို့က တက်ရောက်ဆွေးနွေးခဲ့ကာ ဖိတ်ကြားထားသူ ၁၀ ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် သမိုင်းသုတေသညီဒေါက်တာအေးချမ်း ရွေးကောက်ပွဲဆိုင်ရာ လေ့လာချက်များ၊ အတွေ့အ ကြုံများနှင့် ပတ်သက်၍ လက်ရှိနိုင်ငံရေးအခင်းအကျင်းများနှင့် နှိုင်းယှဉ်ကာ သုံးသပ်ပြောဆို နွေးဆွေးခဲ့ပြီး မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်း တည်ငြိမ်အေးချမ်းမှုမရှိသည့် ဒေသအဖြစ်သတ်မှတ်ကာ ရွေးကောက်ပွဲမကျင်းပဖြစ်သည့်အတွက် ယင်းဒေသမှ ပြည်သူများ၏ အခွင့်အရေးများအလွန်တရာနစ်နာဆုံးရှုံးမှုရှိကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံတို့ကလည်း နိုင်ငံရေးတည်ငြိမ်ရေးချမ်းရေးအတွက် လုပ်ဆောင်ရာတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့လည်း အဓိကပါဝင်လုပ်ဆောင်ရန်လုပ်အပ်ကြောင်း ထောက်ပြသွားခဲ့ပြီး ဘူးသီး တောင်မြို့ နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က မိမိတို့လိုလားသည့် နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်ရှိရန်ကြိုးစားနေခြင်းက ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ကိုယ်စားပြုလုပ်ဆောင်ပေးရန်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်လွှတ်တော်တွင်တင်သွင်းခဲ့သည့် အကြမ်းဖက်အဖွဲ့ စည်း သတ်မှတ်ချက်အား ပယ်ဖျက်ပေးရေးကိုလည်း ထောက်ခံခဲ့ကြောင်း ပြောဆိုခဲ့သည်။
တက်ရောက်လာသည့် ဖိတ်ကြားခံ ပရိတ်သတ်ထဲမှ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ကလည်း ယခုတက်လာမည့် ရခိုင်ပြည်နယ်အစိုးရသစ်များအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်နယ်အစိုးရတာဝန်များကို ထမ်းဆောင် နိုင်ရန် အရည်အချင်းပြည့်စုံမှုရှိသော ကိုယ်စားလှယ်များရှိ မရှိသိလိုကြောင်းနှင့် တက်လာမည့်အစိုးရသစ်သည် သတ်မှတ်ဦးရည်မပြည့်မီသောကြောင့် လွှတ်တော်ဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်ရန်လို အပ်ကြောင်းတို့အ ပါအဝင် လက်ရှိနိုင်ငံရေအခြေအနေများနှင့်ပတ်သက်၍ သုံးသပ်တင်ပြသွားခဲ့ကြောင်း သိရသည်။