လာမည့် အစိုးရသစ်သက်တမ်းတွင် အခြေခံလူတန်းစားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးမည့် ဥပဒေများအား ရေးဆွဲပြဌာန်းပေးရန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

လာမည့် အစိုးရသစ်သက်တမ်းတွင် အခြေခံလူတန်းစားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးမည့် ဥပဒေများအား ရေးဆွဲပြဌာန်းပေးရန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

လာမည့် အစိုးရသစ်သက်တမ်းတွင် အခြေခံလူတန်းစား၊ အခြေခံအလုပ်သမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးမည့် ဥပဒေများအား ရေးဆွဲပြဌာန်းပေးရန် ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။

မကွေးတိုင်း ချောက်မြို့နယ်မှ ကချင်ပြည်နယ်ရှိ ဝိုင်းမော်မြို့နယ် စင်ကြိုင်ကုမ္ပဏီ၏ တရုတ်တစ်သျှူးငှက်ပျောခြံတွင် လာရောက် အလုပ် လုပ်ကိုင်နေသည့် ဦးခင်မောင်ဝင်းက “ဒီအောက်ခြေက ဆင်းရဲသား အလုပ်သ မား လူ တန်းစား တကယ့် အခွင့်အရေး ရမယ့် ပုံစံမျိုးကိုပေါ့လေ။ ဒါလေးတွေကိုတော့ တိတိ ကျကျ မှန်မှန် ကန်ကန်လေးနဲ့ သူတို့ ဥပဒေလမ်း ကြောင်းလေး ဆွဲပြီးတော့မှ ဆောင်ရွက်ပေးမယ် ဆိုရင် တော့ ဒီ အောက် လက်က မရှိဆင်းရဲသား လုပ်စား တဲ့ လူတွေ အဆင်ပြေမယ်လို့ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများမှာ လုပ်ခ လစာ မရရှိသော ပြဿနာများ ကြုံတွေ့နေရသည့်အပြင် အဖက်ဖက်မှ ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးနေရသည့် အတွက် ဥပဒေများကို ရေးဆွဲပြဌာန်ပေးရန် အစိုးရသစ်အား တောင်ဆိုးရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဦးခင်မောင်ဝင်းက “ကျွန်တော်တို့ ပြောမယ်ဆိုရင်တော့ ဒီဥပဒေမှာ သူတို့ သတ်မှတ်ချက် ကောင်းကောင်း စည်းမျဉ်း စည်းကမ်းဆွဲမထားဘူးဆိုရင် ကျွန်တော်တို့က ဒီဆင်းရဲသားတွေက ဒီဘဝက ဒီနွံထဲက ဘယ်လိုမှ မတက်နိုင် တော့ဘူး။ အဲတော့ ကျွန်တော်တို့ ဒီမိုကရေစီဆိုတာ လူတန်းစား မခွဲခြားဘူး။ ဒီပုံစံနဲ့ သွားနေ ကြတာလေ အဲလိုလေးဖြစ်အောင်တော့ ကျွန်တော် တို့ကို စွမ်းဆောင်ပေး စေချင်တာပေါ့။ အခုအစိုးရသစ် ကိုလည်းလေ ဒါလေးတွေတော့ ကျွန်တော် တောင်းဆို ချင်တာပေါ့” ဟု ဆက်ပြောသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကချင်ပြည်နယ်ရှိ တရုတ်တစ်သျှူး ငှက်ပျောခြံတွင် အလုပ်လုပ်နေသည့် အလုပ်သမား အများစုကို အလုပ်ရှင်က လုပ်ခလစာ မပေးပဲ ထွက်ပြေးခြင်း၊ အလုပ်သမားများက သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း ပြေလည်မှု ရရှိအောင် တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် အလုပ်သမားများမှာ အားကိုးရာမဲ့ဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

ဝိုင်းမော်မြို့နယ်ရှိ ဘော်လာကုမ္ပဏီ၏ တရုတ် တစ်သျှူး ငှက်ပျောစိုက်ခင်းခြံတွင် အလုပ်လုပ်နေသည့် ဦးတင်ဝင်းကလည်း “တရုတ်က လာလုပ်တယ်။ အမြတ်ရရင် လုပ်မယ်။ အမြတ်မရရင် ထွက်ပြေးမယ်။ ကျွန်တော်တို့က အာမခံချက် မရှိဘူးဖြစ်နေတယ်လေ။ အမှန်က အဲလို မလုပ်သင့်ဘူ။  မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲတော့ အဲဒီဟာတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အစိုးရမျိုး ဖြစ်စေချင် ပါတယ်။ အခုက မဖြစ်ဘူး ဖြစ်နေတယ်လို့ မြင်ပါတယ်။ တောင်းဆိုချင် တာကတော့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အစိုးရ တစ်ရပ် ဖြစ်ပါ စေလို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အစိုးရသစ်အနေဖြင့် မူဝါဒတိတိကျကျ ချမှတ်ကာ ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားရန် လိုကြောင်း အစိမ်းရောင် အလင်းတန်များ အသင်း (KCWG) မှ Program Manager ဦးဘရန်အောင်က အကြုံပြုတိုက်တွန်းသည်။

ဦးဘရန်အောင်က “အခု လာမယ့် အစိုးရသစ်ကလည်း ဘယ်လိုပြင်ဆင်မလဲပေါ့။ ဘယ်လိုကိုင်တွယ် မလဲ။ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့အပိုင်းက အစိုးရဟာ ပြည်သူလူထုနဲ့ ဒီထက်ပိုပြီး နီးကပ်တဲ့ ချည်းကပ်မှုမျိုးနဲ့ ကုမ္ပဏီတွေအပေါ်ကို ဘယ်လိုထိန်းကြောင်းကြမလဲပေါ့။ ထိန်းကြောင်းတယ်ဆိုတာက ကျနော်တို့က ထိန်းချုပ်တာ မဟုတ်ဘူး။ နည်းမှန်လမ်းမှန်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို အစိုးရကလည်း အကျိုးအမြတ်ရသလို အခွန် အခတွေ ပြည်သူလူထုတွေကလည်း သူတို့ရဲ့ အကျိုးအမြတ်ပိုင်း ဆိုင်ရာကို ရဖို့အတွက် ရွေ့ပြောင်းလုပ်သားတွေကလည်း သူတို့ရဲ့ လုပ်အားခ လစာတွေကို အပြည့်အ၀ ရဖို့အတွက် လမ်းကြောင်း တွေကို အ ကောင်အထည်ဖော် ပြင်ဆင်သင့်တယ်ပေါ့။ လာမယ့် အစိုးရအသစ်မှာ” ဟုပြော သည်။

မြန်မာနိုင်ငံ အရပ်ရပ်မှ ကချင်ပြည်နယ်သို့  လာရောက် အလုပ်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအလုပ်သမား ဦးရေမှာ သိန်းနှင့် ချီရှိနေပြီး ထိုရွှေ့ပြောင်းအလုပ်သမားများမှာ ကျောက်စိမ်းတူးဖော်ခြင်း၊ သတ္တု နှင့် ရွှေ တူးဖော်ခြင်းလုပ်ငန်းများအပြင် ငှက်ပျောစိုက်ခင်းများနှင့် ကြုံရာ ကျပန်းအလုပ်များတွင် အလုပ်လုပ်ကိုင် လျက်ရှိသည်။

ထို့ရွှေ့ပြောင်း အလုပ်သမားများအနက်မှ တရုတ် တစ်သျှူးငှက်ပျောခြံ အလုပ်သမား အများစုမှာ လုပ်ခ လစာ မရရှိသည့်အပြင် အခြားအခွင့်အရေးများလည်း ဆုံးရှုံးနေ သည့်အတွက် မကြာမီ ပြန်လည်ဖွဲ့စည်းတော့မည့် အစိုးရသစ်အနေဖြင့် ရွေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေး ရန်နှင့် အကာအကွယ်ပေးရန် တောင်း ဆိုခြင်းဖြစ်သည်ဟု ရွှေ့ ပြောင်းအလုပ်သမားများက ဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...