ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း မြို့နယ်ခုနစ်ခု၌ ပြုလုပ်ခဲ့

ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း မြို့နယ်ခုနစ်ခု၌ ပြုလုပ်ခဲ့

၂၀၁၅ အထွေထွေရွေးကောက်ပွဲက အသုံးပြုခဲ့သည့် စာရွက်စာတမ်းများမီးရှို့ဖျက်ဆီးခြင်းကို ကချင်ပြည်နယ်တွင် တစ်ပတ်အတွင်း မြို့နယ်ခုနစ်ခု၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များ စာရွက်စာတမ်းများနှင့် မဲရုံသုံးပစ္စည်းများကို မီးရှို့ဖျက်စီးခြင်းကို ကချင်ပြည်နယ်တွင် ဇန်နဝါရီလ ပထအပတ်မှစ၍စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းနှင့် တနိုင်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အရာရှိများထံမှ သိရသည်။

သက်ဆိုင်ရာ လွှတ်တောရွေးကောက်ပွဲနည်းဥပဒေအရ ရွေးကောက်ပွဲအသစ်တစ်ရပ် ကျင်းပပြီးတိုင်း ကျန်ရွေးကောက်ပွဲမှ စာရွက်စာတမ်းများကို  မီးရှို့ခြင်း သို့မဟုတ် သင့်တော်သည့်နည်းဖြင့် ဖျက်စီးရမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးစိုင်းညီညီက ပြောသည်။

“သက်ဆိုင်ရာလွှတ်တော်ရွှေးကောက်ပွဲနည်းဥပဒေ ၈၆ (ခ) အရပေါ့နော် ရွေးကောက်ပွဲ တစ်ကြိမ်ကျင်းပပြီးတိုင်းမှာ အဲ့ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဖြစ်တဲ့ မဲလက်မှတ်ထုတ်တွေ ဆက်စပ်ပုံစံတွေကိုကျွန်တော်တို့က နောင်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီးသည်အထိ စနစ်တကျ ထိန်းသိမ်းထားရတယ်ပေါ့နော်။ နောင်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီးစီးသွားပြီဆိုရင်တော့ ပြန်လည်ထိန်းသိမ်းရတာ ဖျက်စီးရတာ ရှိပါတယ်ဗျ။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲနောင်တစ်ကြိမ် ကျင်းပပြီးပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရဲ့ရလဒ်က အသုံးမဝင်တော့ဘူး။ အသုံးမတည့်တော့ဘူးပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ကော်မရှင်ရုံးတွေမှာ ဂိုဒေါင် အပိုမရှိဘူးဗျ။ လက်ရှိကျင်းပထားတဲ့ရွေးကောက်ပွဲရဲ့ရလဒ်တွေ ပစ္စည်းတွေ ထားစရာနေရာ မရှိဘူးပေါ့နော်။ ရလဒ်တွေ ထားစရာလိုအပ်တဲ့အတွက် နောက်အသစ်တစ်ရပ်ကျင်းပပြီးတိုင်းမှာ မီးရှို့ဖျက်စီးရတာတို့ သင့်တော်နဲ့နည်းနဲ့ဖျက်စီးရတယ်” ဟု ဦးစိုင်းညီညီက ပြောသည်။

မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ဝင်းသီတာအောင်ကလည်း “ဒါရွေးကောက်ပွဲလည်းပြီးသွားပြီ အစိုးရသက်တမ်းတစ်ခုလဲကုန်သွားပြီဆိုတော့ နည်းဥပဒေမှာပါတဲ့အတိုင်းပဲ ကျွန်မတို့ ဒါကို ဖျက်စီးရတာပဲ” ဟု ပြောသည်။

လက်ရှိတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက အသုံးပြုခဲ့သည့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လျက်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှ စာရွက်စာတမ်းများ ရောနှောပါဝင်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...