လွှတ်တော်အကြီးအကဲများနှင့် သမ္မတ၊ ဒု-သမ္မတရာထူးများ လာမည့်လအတွင်း ရွေးချယ်တင်မြှောက်မည်

လွှတ်တော်အကြီးအကဲများနှင့် သမ္မတ၊ ဒု-သမ္မတရာထူးများ လာမည့်လအတွင်း ရွေးချယ်တင်မြှောက်မည်

လွှတ်တော်အကြီးအကဲများနှင့် သမ္မတ၊ ဒု-သမ္မတ ရာထူးများရွေးချယ်ခြင်းကို ဖေဖော်ဝါရီလဆန်းပိုင်းတွင်ပြုလုပ်မည့် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ ရွေးချယ်ခြင်းကို ဇန်နဝါရီ ၁၁ မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနဲ့လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ တွင် ကျင်းပရန်လျာထားပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီ ၂၃ ထက်မစော၊ ၂၄ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်ကို ရောက်ရှိသတင်းပို့ကြရန် ခေါ်ယူးထားပြီးဖြစ်ကြောင်း သိရသည်။။

 

ထို့နောက် အနိုင်ရကိုယ်စားလှယ်များတက်ရောက်ရမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင်  စတင်ရန်လျာထားသည်ဟု လွှတ်တော်နာယာက က ဆက်လက်ပြောသည်။

 

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း အစည်းအဝေး ၌  ယခင်လွှတ်တော်အတွေ့အကြုံများအပေါ် မူတည်၍ ပိုမိုသင့်လျော်ကောင်းမွန်သောလုပ် ငန်းအစီအမံများနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းအတိုင်း တတိယအကြိမ်လွှတ်တော်အစည်းအဝေးများ အောင်မြင် စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်  တိုက်တွန်းခဲ့သည်။

 

ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်ကလည်း တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပချိန်မှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

 

ယင်းအစည်းအဝေးအား ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ၏ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြချက်အရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...