ရွေးကောက်ပွဲအလွန်ကာလ စစ်ဘေးရှောင်များ စာဝတ်နေရေး ပိုမိုခက်ခဲလာ

ရွေးကောက်ပွဲအလွန်ကာလ စစ်ဘေးရှောင်များ စာဝတ်နေရေး ပိုမိုခက်ခဲလာ
by -
ကောင်းကျော်နိုင်
 ဓာတ်ပုံ - နောင်ခိုင်အောင်
ဓာတ်ပုံ - နောင်ခိုင်အောင်

ရွေးကောက်ပွဲနောက်ပိုင်း အလှူရှင်များလာရောက်လှူဒါန်းမှု နည်းပါးလာခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ဘေး‌ေ၇ှဦင်များ စားဝတ်နေရေးအတွက်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများ၏ ပြောကြားချက်အရ သိရသည်။

“ဒီရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း အလှူအတန်းပေးတာတွေတော်တော်နည်းသွားပါတယ်။ အရင်ကလောက်မ ရောက်တော့ဘူး။ စားဝတ်နေရေးအတွက်ကို အပြင်မှာနေ့စားအလုပ်လုပ်ပါတယ်။ အလုပ်ကလည်း အမြဲတမ်းမရှိ ဘူးဆိုတော့ အခက်အခဲဖြစ်နေကြပါတယ်။ အလှူအတန်းတွေလည်းရချင်ပါတယ်။ အစိုးရဖက်လည်း လိုအပ်တဲ့အ ကူအညီကို ပေးစေချင်ပါတယ်” ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၁) ဥဿလင်းဘုန်းတော်ကြီးကျောင်း စစ်ရှောင်စ ခန်းမှ စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးရွှေကျော်ဝင်းက ပြောသည်။

ရခိုင်စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ကိုပြန်နိုင်ရေး မျှော်လင့်လျက်ရှိသော်လည်း မပြန်ဖြစ်သေးမီ လတ်တလောတွင် အလုပ်အကိုင်များဖန်တီးပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ယခုလို အလှူဒါန်းမှုနည်းပါးသွားသည့်ကာလတွင် အလုပ်အကိုင်အခွင့်အလမ်းများရှိမည်ဆိုပါက စားဝတ်နေ ရေးကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆီးနိုင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့က တစ်ရက်ကို ငါးရာ၊ တစ်လကို ၁၅၀၀၀ ခွဲရပါတယ်။ အဲဒီငွေတွေနဲ့ ဆန်ဝယ်လိုက်တော့ ဘယ်လိုမှ မလုံလောက်ဖြစ်နေပါတယ်။ ဆန်၊ဆီ၊ဆား၊ဟင်းတွေဝယ်တော့ ဘယ်လိုမှ အဆင်မပြေဘူးဖြစ် နေပါတယ်။ ဆန်ကိုလုံလုံလောက်လောက်ရတယ်ဆိုရင်လည်း အဲဒီအသေးသုံးငွေတွေနဲ့ လုံလောက်အောင်လုပ် လို့ရနိုင်ပါတယ်။ အခုက အဲဒီအသေးသုံးငွေကို တစ်အိမ်လုံးအတွက်သုံးနေရတော့ အလောက်မငှဖြစ်နေပါတယ်” ဟု ကျောက်တော်မြို့နယ်၊ ဝါးတောင် (မြို) စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးမောင်လှက ပြောသည်။

ကျောက်တော်မြို့၊ ရထားဘူတာစခန်းတွင်လည်း စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ကျွန်တော်တို့မှာတော့ ဆန်ကို နို့ဆီဘူးနဲ့ ၄၈ လုံးစီရပါတယ်။ ငွေကတစ်သောင်းခွဲပါ။ ဒါပေမဲ့မလောက်ငှဘူး။ ဒီမှာက ဆန်၊ဆီ၊ဆားမကဘူး။ ထင်းကအစ ဝယ်သုံးနေရပါတယ်။ ပထမတုန်းကရခဲ့တဲ့ မီးသွေးခွင်တွေကလည်း အားလုံးပျက်စီးကုန်ပြီ ရတဲ့ပိုက်ဆံကလည်း ကလေးမုန့်ဖိုးလောက်ဆိုတော့ အဆင်မပြေကြဘူး။ နောက်ပြီးတော့ အိမ်သာက လုံးဝအဆင်မပြေဘူး” ဟု ကျောက်တော်မြို့ ရထားဘူတာစခန်းမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးသာထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် နှစ်သိန်းခွဲကျော်အထိရှိပြီး ထိုအထဲမှ နေရပ်ပြန်သူတချို့မှာ တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်ကြသောကြောင့် ရွာကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်လရောက် ခိုလှုံနေကြရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...