ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူရန်ကျင်းပရန် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက တောင်းဆိုထားသော်လည်း ဖြစ်လာနိုင်ဖွယ်မရှိ

ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူရန်ကျင်းပရန် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက တောင်းဆိုထားသော်လည်း ဖြစ်လာနိုင်ဖွယ်မရှိ
by -
ကောင်းကျော်နိုင်

ဒုတိယအကြိမ်လွှတ်တော်ခေါ်ယူရန်ကျင်းပရန် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက တောင်းဆိုထားသော်လည်း ဖြစ်လာနိုင်ဖွယ်မရှိကြောင်း သိရသည်။

 

လက်ရှိတွင် တတိယအကြိမ် ပြည်ထောင်အဆင့် တတိအကြိမ်လွှတ်တော်အစည်းများအောင်မြင်စွားကျင်းပရေး အတွက် ပြင်ဆင်နေပြီး လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ဇန်နဝါရီ၁၁ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ပြုလုပ်ရာတွင်လည်း အဆိုပါဒုတိယအကြိမ်လွှတ်တော် ခေါ်ယူကျင်း ပရေးနှင့်ပတ်သက်၍ဆွေးနွေးခြင်းရှိမရှိ ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန်ရာတွင် ဖော်ပြခဲ့ခြင်း မရှိပေ။

 

တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃၊ ပုဒ်မ ၁၂၄ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၁၅၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တာဝန်ဆက် လက်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူကျင်းပပေး ရမည်ဖြစ်ပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားသည်ဟု ဆိုသည်။

 

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီ များဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြုခြင်းလုပ်ငန်းစဉ် များ ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၏ သတင်းထုတ်ပြန် မှုများအရ သိရသည်။

 

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်ဒုတိယအကြိမ် လွှတ်တော်အတွေ့အကြုံများအပေါ်မူတည်၍ ပိုမိုသင့်လျော်ကောင်းမွန်သည့် လုပ်ငန်းအစီအမံများဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းညှိနှုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက် ရောက်ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...