NLD ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသည့်အစီအစဉ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်သားကိုယ်စားလှယ်များကို လိုက်လံဝယ်ယူခြင်းဖြစ်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ် ဝေဖန်

NLD ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသည့်အစီအစဉ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်သားကိုယ်စားလှယ်များကို လိုက်လံဝယ်ယူခြင်းဖြစ်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသဲရယ် ဝေဖန်
by -
နော်ဒွေးအယ်ခူ (KT)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသည့်အစီအစဉ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်သားကိုယ်စားလှယ်များကို လိုက်လံဝယ်ယူခြင်းဖြစ်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးသဲရယ်က ဝေဖန်ပြောကြားလိုက်သည်။

“ကျွန်တော်တို့ကတော့ အနိုင်ရတဲ့ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့တယ်ဆိုရင်တော့ ဒါအနိုင်ရကိုယ်စားလှယ်နဲ့ သူတို့ပါတီဘက်ကိုဝင်လာအောင် တစ်ဖက်ကပြောရရင်တော့ လိုက်ပြီးဝယ်တာပဲ။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ဖို့မဟုတ်ဘဲနဲ့ အနိုင်ရတဲ့ကိုယ်စားလှယ်တွေကို သူတို့လူဖြစ်အောင် လုပ်တဲ့ပုံစံမျိုး ပြင်ဆင်နေတယ်လို့ပဲယူဆတယ်” ဟု ဦးသဲရယ်ကပြောသည်။

ဖက်ဒရယ်အရေးနှင့် ညီညွတ်ရေးအစိုးရဖွဲ့နိုင်ရေးအတွက် NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုမျာပြုလုပ်လျက်ရှိပြီး ကနဦးအနေဖြင့် ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး ဒုတိယခရီးစဉ်တွင် မွန်ပါတီနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံမည့်နေရာညှိနှိုင်းမရသဖြင့် တွေ့ဆုံမည့်အစီအစဉ် ပျက်ခဲ့ရသည်။

သို့သော်လည်း NLD အနေဖြင့် တိုင်းရင်းသားပါတီများတွေ့ဆုံဆွေးနွေးကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အနယ်နယအရပ်ရပ်ရှိ တိုင်းရင်းသားပါတီများအား သွားရောက်တွေ့ဆုံရန် ပြုလုပ်လျက်ရှိသည်။

“တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင်တော့ တိုင်းရင်းသားကိုကိုယ်စားပြုတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သို့မဟုတ်လည်းပဲ တိုင်းရင်းသားပါတီတွေနဲ့ပဲ တွေ့ဆုံဆွေးနွေးဖို့သင့်တယ်ပေါ့။ အခုဟာက အနိုင်ရကိုယ်စားလှယ်တွေကိုပဲသွား တွေ့တယ်ဆိုတာတော့ ဒါမဖြစ်သင့်ဘူးပေါ့နော်။ ကျွန်တော်တို့က ကိုယ်စားလှယ်တစ်ယောက် နေရာရဖို့ဆိုရင် ပါတီကိုအခြေခံတာကိုး ပါတီမူနဲ့အခြေခံရတာဖြစ်တဲ့အတွက် ကိုယ်စားလှယ်တစ်ယောက်ရဲ့ သူ့ရဲ့ ပါဆင်နယ်ရပ်တည်ချက်ကလည်း ဒါရွေးကောက်ပွဲဝင်တာလည်းမဟုတ်တဲ့ခါကျတော့ အဲလိုပဲ အနိုင်ရကိုယ်စားလှယ်နဲ့ သွားတွေ့မယ်ဆိုရင်တော့ နိုင်ငံရေးအရ အပေးအယူလုပ်တဲ့နေရာမှာ နောက်ပြီးတော့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ထိရောက်မှုရှိမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် မြစ်ကြီးနား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တာဝန်ပေးအပ်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင ကယားပြည်နယ်၌ ်မဲဆန္ဒနယ် ၃၄ နေရာအနက် NLD ကနေရာ ၂၀ တွင်လည်းကောင်း၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က နေရာ ၈ နေရာတွင်လည်းကောင်း၊ USDP က နေရာ ၆ နေရာ အနိုင်ရရှိထားသည်၊

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...