ရွေးကောက်ပွဲအနိုင်ရ NLD အစိုရအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ပွင့်လင်းမြင်သာစွာချပြရန် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက တောင်းဆိုလိုက်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်က ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် လိုအပ်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အကောင်အထည်ဖော်လျက်ရှိသည်။
“နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း သယံဇာတတူးဖော်မှု စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလမှာ ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့တယ်။ ဒါပေမယ့် အခုအချိန်တော့ ဒီကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီးတော့ ဘာမှတော့ ချပြတာမတွေ့ရသေးဘူး။ ကျောက်ဖြူအထူး စီးပွားရေးဇုန်မှာ ပထမအဆင့်အနေနဲ့ ရေနက်ဆိပ်ကမ်းတွေဆောက်မယ်ဆိုပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ် လိုတွေ လုပ်ဆောင်ထားတယ်၊ ထိခိုက်နစ်နာမှုတွေအတွက် ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာလည်း ဘာမှ ထုတ်ပြန်တာမတွေ့ရသေးဘူး။ ကျွန်နော်တို့အနေနဲ့ သမ္မတကြီးရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမယ့် ဒီထုတ်ပြန်ချက်လောက်နဲ့တော့ မလုံလောက်သေးဘူးလို့လည်းမြင်ပါတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်း သားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြေဧက ၄၂၈၉.၃၂ ဧကနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) အတွက် တွင် နယ်နိမိတ် ၃၇၀. ၆၆ ဧက၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၂) အတွက် နယ်နိမိတ် ၂၃၇ .၂၂ ဧက အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကြီးမားသည့် စီမံကိန်းကို မစတင်မီ ရခိုင်ပြည်နယ်အတွက် အကျိုးအမြတ်ထဲက ရာခိုင်နှုန်းမည်မျှ ခွဲပေးမည်ဆိုတာမျိုး ရှိသင့်ပြီး ယင်းစနစ်မရှိသဖြင့် နိုင်ငံတော်ကအကောင်အထည်ဖော်သည့် စီမံကိန်းအများစုကို ကြည့်ပါက ဒေသခံများ၏ လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ ပျက်စီးသွားခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်ဆီးခြင်း ပင်လယ်ထဲရှိ သားငါးပုဇွန်များရှားပါးလာခြင်းတို့ကြောင့် နောက်ဆုံးတွင် ဒေသခံပြည်သူလူထုသာ ဆင်းရဲမွဲတေမှုဘက်ကိုပဲ ဦးတည်သွားသည်ဟု ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ဝေဖန်ထောက်ပြခဲ့သည်။
ယင်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းများအပြင် အထည်ချုပ်လုပ်ငန်း စက်ရုံစုများ၊ စက်မှုလုပ်ငန်း စက်ရုံစုများအပြင် အပန်းဖြေလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းစုများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းများတည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့လုပ် ဆောင်ထား သည်၊ ထိခိုက်နစ်နာမှုများအတွက် မည်သို့ ဆောင်ရွက်ထားသည် စသည်တို့ကို အစိုးရအနေဖြင့် ပြည်သူများကို ပွင့်လင်းစွာချပြထားခြင်းမရှိဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်း သားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးက ဖြည့်စွက်ပြောသည်။
“ကျောက်ဖြူအထူး စီးပွားရေးဇုန်မှာ ပထမအဆင့်အနေနဲ့ ရေနက်ဆိပ်ကမ်းတွေဆောက်မယ်ဆိုပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ် လိုတွေ လုပ်ဆောင်ထားတယ်၊ ထိခိုက်နစ်နာမှုတွေအတွက် ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာလည်း ဘာမှ ထုတ်ပြန်တာမတွေ့ရသေးဘူး”ဟု ၎င်းက ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အတွင်း ဇန် နဝါရီ ၁၈ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်အပါဝင် အစုရှယ်ယာများနှင့် သက်ဆိုင်သောစာချုပ်ကို သဘောတူ လက်မှတ် ထပ်မံရေးထိုး ခဲ့ခြင်းဖြစ်သည်။
Published
Sunday, January 10, 2021
ကျောက်ဖြူအထူးစီးပွားရေးဇုန် ပွင့်လင်းမြင်သာစွာချပြရန် ရွေးကောက်ပွဲအနိုင်ရအစိုးရအား တောင်းဆို