မတူပီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း ၄၀၀၀ ကျော်ရှိဟု တပ်မတော်ထပ်မံထုတ်ပြန်၊ မည်သည့်မဲဆန္ဒရှင်မဆို နှစ်ကြိမ်မဲပေးနိုင်သောအလားအလာမရှိဟု မတူပီ ခရိုင်ရွေးကောက်ပွဲကော်မရှင်တုန့်ပြန်

မတူပီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သော မဲစာရင်းပေါင်း ၄၀၀၀ ကျော်ရှိဟု တပ်မတော်ထပ်မံထုတ်ပြန်၊ မည်သည့်မဲဆန္ဒရှင်မဆို နှစ်ကြိမ်မဲပေးနိုင်သောအလားအလာမရှိဟု မတူပီ ခရိုင်ရွေးကောက်ပွဲကော်မရှင်တုန့်ပြန်

၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မတူပီမြို့နယ်၌ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၄၀၀၀ ကျော်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၇ ရက် ၁၁ ကြိမ်မြောက်ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် မတူပီမြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၃၉၅၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၇၂၅) ရှိပြီး စုစုပေါင်း (၄၆၈၄) ရှိသည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး (၂၇၁၂) ဦး၊ နိုင်ကတ်အမှတ် (၁) တည်းဖြင့် မဲစာရင်း (၃) ကြိမ် ပါဝင်နေသူ (၂၆၁) ဦး၊ နိုင်ကတ်တူ မိဘတူ (အမည်လွဲ အသက်လွဲသူများ) (၂၀၆)  ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၉၂) ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၇၀) ဦးနှင့် နိုင်ကတ်တူ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) (၁၄၂) ဦး စသည်ဖြင့် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မတူပီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်က “အဲဒါကျွန်တော်တို့မှာမရှိဘူး မဲစာရင်းထပ်တယ်ဆိုတာ ကွန်ပြူတာ error ကြောင့်ပဲထပ်တာပါ။ ထပ်ပေမယ့် ဒီမှာရှိနေတဲ့ မဲဆန္ဒများကတော့ နာမည်ထပ်လည်း နှစ်ကြိမ်မပေးရပါဘူး။ ဘယ်မဲဆန္ဒရှင်မဆိုနှစ်ကြိမ်မဲပေးနိုင်တဲ့အလားအလာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကြိုတင်မဲတစ်ခုတည်းကိုပဲ မှင်မတို့ရတာပေါ့နော်။ ကြိုတင်မဲပေးပြီးသား လူတစ်ယောက်အတွက်ကလည်း မဲရုံမှာလာပြီး ကိုယ်တိုင်ကိုယ်ကျမဲပေးဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ရှိမယ်ဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ထောင်ဒဏ် တစ်နှစ် ငွေဒဏ် တစ်သိန်းပဲ ကျွန်တော်တို့အရေးယူဖို့ရှိပါတယ် မဲစာရင်းက ကွန်ပြူတာ error ကြောင့်ပဲထပ်နေတာဖြစ်တယ်။ မဲမသမာမှုအလားအလာတော့ ဒီမှာတော့မရှိပါဘူး။ တပ်ကတော့ ဘယ်စာရင်းကိုယူပြီး အခြေပြုပြီးပြောတာလည်းဆိုတာ ကျွန်တော်တို့မသိပါဘူး" ဟု ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ နှင့် တီးတိန်မြို့နယ်တွင် စုစုပေါင်း (၈၄၃၁) ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...