NLD မှ တွေ့ဆုံရန်ထပ်မံကမ်းလှမ်းလာပါကလည်း တတိယနေရာတွင်သာတွေ့ဆုံမည်ဟု မွန်ပါတီဆို

NLD မှ တွေ့ဆုံရန်ထပ်မံကမ်းလှမ်းလာပါကလည်း တတိယနေရာတွင်သာတွေ့ဆုံမည်ဟု မွန်ပါတီဆို
by -
စိုင်းထွန်းစံ (MNA)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွေ့ဆုံရန် ထပ်မံကမ်းလှမ်းလာပါကလည်း တတိယကြားနေရာတွင်သာ လက်ခံတွေ့ဆုံနိုင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။

 

“ပြည်ထောင်စုအကျိုးရှိမယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီနဲ့မဆို တတိယနေရာတခုခုမှာ ဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့မယ် ဆွေးနွေးဖို့အမြဲတမ်း အဆင်သင့်ရှိပါတယ်” ဟု ၎င်းကပြောသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် မွန်ညီညွတ်ရေးပါတီနှင့် ထပ်မံတွေ့ဆုံရန် ရှိ၊ မရှိကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် စဉ်စားဆုံဖြတ်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးသည့် အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။

 

ဒေါက်တာ အောင်မိုးညိုက “ဗဟိုအလုပ်မှုဆောင်အဖွဲ့က တင်ပြတာကို ကြည့်ပြီးတော့မှ သူတို့က ဘယ်ပြည်နယ်သွား ဟိုပြည်နယ်သွား၊ ဒီပြည်နယ်သွားဆိုရင် ကျနော်သွားရမှာပေါ့။ ဒီမှာထပ်လာခဲ့ဦး (မွန်ပြည်နယ်) ထပ်ပြီးတော့မှ ဒီအပြင်နေရာသွားတွေ့ပါ ညွန်ကြားရေးရှိရင်တော့ တွေ့မှာပေါ့။ ဒါကတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့အပေါ် မူတည်တယ်။ နောက် ဘယ်ပြည်နယ်သွားမလဲဆိုတော့ ကျွန်တော်ကဆုံးဖြတ်လို့မရဘူး ဗဟိုအလုပ်မှုဆောင်ဆုံးဖြတ်ချက်နဲ့သွားရတာ” ဟု ပြောကြားခဲ့သည်။

 

ထို့ပြင် မွန်ညီညွတ်ရေးပါတီအနေဖြင့် ဆွေးနွေးမည့် အဖွဲ့အစည်းအားလုံးကို ကြိုဆိုပြီး လက်ခံဆွေးနွေးရန် အသင့်ရှိကြောင်း၊ အပြန်အလှန် အလျှော့အတင်းရှိမှသာ ဆွေးနွေးပွဲများ ဖြစ်မြောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်လယိတမ ဆက်လက်ပြောသည်။

 

“နိုင်ငံရေးမှာ အပြန်အလှန် လေးစားအသိအမှတ်ပြုပြီးတော့ တစ်ဖက်နှင့် တစ်ဖက်၊ အလျော့အတင်း အပေးအယူလုပ်တဲ့ ယဉ်ကျေးမှုရှိမှသာလျှင် ဆွေးနွေးပွဲတွေက အောင်မြင်လာနိုင်မယ် အနေထားရှိတယ်။ အခုဒီဆွေးနွေးပွဲ ပျက်သွားမယ်ဆိုရင် တစ်ဖက်က တရားသေဆုတ်ကိုင်ပြီးတော့ အပြန်အလှန်အပေးအယူ လျော့သင့်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေ အားနည်းသွားနေတာလားလို့ မြင်မိပါတယ်” ၎င်းက ပြောကြားခဲ့သည်။

 

မွန်ညီညွတ်ရေးပါတီနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖွဲတို့သည် ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် နှစ်ဖက်တွေ့ဆုံရန် သဘောတူထားသော်လည်း နေရာညှိနှုင်းမရမှဒကြောင့် ဆွေးနွေးပွဲပျက်သွားခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...