ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး လွှတ်တော်ပြင်ပမှလုပ်ဆောင်နေဟု ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများပြော

ပြည်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး လွှတ်တော်ပြင်ပမှလုပ်ဆောင်နေဟု ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သော ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများပြော
by -
ကောင်းကျော်နိုင်

နိုဝင်ဘာလကကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရရှိခဲ့သော်လည်း ပြည်သူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေး လွှတ်တော်ပြင်ပမှလုပ်ဆောင်နေကြောင်း ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

“နိုင်ငံရေးနဲ့လူမှုရေးကတော့ ဒွန်တွဲပြီးတော့ လုပ်နေရတာပေါ့နော်။ ကျွန်တော်အခုလုပ်နေတဲ့ ဒီအသေးစားနိုင်ငံရေး၊ အကြီးစားနိုင်ငံရေးဆိုတာကတော့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အနိုင် ရခဲ့မယ်ဆိုလို့ရှိရင် ဒီထက်မက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား၊ သံတွဲမြို့မှာရှိတဲ့ ရခိုင်တိုင်း ရင်းသားအရေးကို ကျွန်တော်ဒီထက်မက ပိုပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မယ်လို့ မျှောင်လင့်ခဲ့ ပါတယ်။” ဟု သံတွဲမြိုနယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော  ရခိုင်အမျိုးသားပါတီမှ  ဦးစိုးဝင်း ကပြောသည်။

သစ်တက်လာမည့် မည်သည့်အစိုးရနှင့်မဆို ပူပေါင်း၍ ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သံတွဲမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကမန်တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်လှိုင်ဝင်းကလည်း လွှတ်တော်ထဲကိုရောက်သွားခဲ့မည်ဆိုပါက ၁၉၈၂ ဥပဒေနှင့်အညီ တိုင်းရင်းသားအခွင့်အရေးများကို အတက်နိုင်ဆုံး တင်ပြတောင်းဆိုသွားရန်စီစဉ်ထားသော်လည်း ရွေးကောက်ပွဲ တွင် အနိုင်မရရှိခဲ့သဖြင့် တရာဝင်ကြိုးပမ်းခွင့် ဆုံးရှုံးခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့ ၁၉၈၂ နိုင်ငံသားဥပဒေ။ ဒီနိုင်ငံသားဥပဒေနှင့်ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ တိုင်းနှင့်ပြည်နယ်အားလုံးမှာ အစိုးရယန္တရားတိုင်းမှာ ဝန်ကြီးဌာနတစ်ခုအနေနဲ့ရှိတဲ့ ဒီနိုင်ငံသားဖြစ်မှုပေါ့နော်။ ရခိုင်ပြည်နယ်ရဲ့အဓိကပြဿနာသည် နိုင်ငံသားဖြစ်မှု၊မဖြစ်မှုဆိုတဲ့ ဆိုတော့ ၁၉၈၂ ခုနှစ်နှင့်အညီ ရခိုင်ပြည်နယ်ထဲမှာတည်ရှိနေတဲ့ မည်သူ့ကိုမဆို နိုင်ငံသဖြစ်ခွင့်ရှိတဲ့လူ နိုင်ငံသားစီစစ်ခွင့်ပြီးမှ ဥပဒေက ဘယ်လိုဆိုထားတယ်၊ ဘယ်လိုတည်တယ်။ ဘယ်လိုပုံစံဆိုတဲ့ဟာကို ချပြတောင်းဆိုသွားမှာဖြစ်ပါတယ်” ဟု ဦးတင်လှိုင်ဝင်းက ဆိုသည်။

စစ်တွေမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ တွင် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးနိုင်စိုးကလည်း “အကြောင်းအမျိုးအမျိုးကြောင့် ဒီလွှတ်တော်ထဲ မရောက်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မျှော်မှန်း ခဲ့တဲ့အထဲက ကိုတတ်နိုင်သလောက် လုပ်နေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့မှာလူမှုအဖွဲ့အစည်းတစ်ခု ဖွဲ့ပြီးတော့ ပြည်သူအတွက်ဘာလိုအပ်မလဲအဓိကလိုအပ်ချက်လေးတွေရှိတဲ့ဟာ ကို ကွက်လပ်လေးတစ်ခုဖြည့် ပေးနိုင်မလားဆိုပြီး ကျွန်တော်တို့ကြိုးစားနေကြတာတွေရှိတယ်။ နယ်တွေမှာ အပ်ချုပ်သင်တန်းတွေ၊ ကွန်ပျူတာ သင်တန်းတွေပေးဖို့ အတွက်လည်း ကြိုးစားနေကြပါတယ်။ ကွန်ပျူတာတွေလည်း ရသင့်သလောက်တော့ ရထားပါပြီ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့့် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုများအတွက်  လာမည့်ငါးနှစ်ကာလကို တာဝန်ယူမည့်အစိုးရအနေဖြင့် တိုင်းရင်းသားအခွင့်အရေးများ၊စစ်ရေးပဋိပက္ခများငြိမ်း ချမ်းအောင်ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးရန်သာမျှော်လင့်ကြောင်း ဒေသခံများကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...