ကချင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်သွင်းသောလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးရှိ

ကချင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်သွင်းသောလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးရှိ

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးရှိကြောင်း ကချင်ပြည်နယ်ရွှေးကောက်ပွဲကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁၀ ဦးရှိပြီး ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းခဲ့သော ကိုယ်စားလှယ်လောင်း ၄၀၈ ဦးရှိကြောင်း  သိရသည်။  

“ကချင်ပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်တဲ့ကိုယ်စားလှယ်လောင်း ၄၁၀ မှာ ၄၀၈ ယောက်ကတော့တင်သွင်းတယ်။ နှစ်ယောက်ကတော့မတင်သွင်းဘူး” ဟု ၎င်းကပြောသည်။      

ရွေးကောက်ပွဲကုန်ကျစားရိတ်မတင်သွင်းခဲ့သော ကိုယ်စားလှယ်လောင်းတွေများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီကိုကိုယ်စားပြု၍ မံစီမြို့နယ် ပြည်နယ်လွှတ်တော်နေရာ မဲဆန္ဒနယ်အမှတ် (၁) တွင် ယှဉ်ပြိုင်ခဲ့သော ဦးဒွဲရာနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်ပါတီကို ကိုယ်စားပြု၍ မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဦးဇော်ထွန်းတို့ဖြစ်ကြောင်း သိရသည်။

“ကော်မရှင်အနေနဲ့ အကြောင်းကြားရမယ့်တာဝန်ရှိတယ်။ သူတို့ကို လာတင်သွင်းဖို့အကြောင်းကြားတယ်။ တစ်ယောက်ဆိုရင် ဖုန်းလဲမကိုင်ဘူး စက်တောင်ပိတ်ထားတယ်” ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်းကို ကျပ်သိန်း ၁၅၀ အသုံးပြုခွင့်ပေးထားပြီး ကျန်လွှတ်တော်သုံးရပ်တွင်ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားကြောင်းနှင့် အဆိုပါကုန်ကျစရိတ်စာရင်းများကို ရွေးကောက်ခံရသည့် ကိုယ်စားလှယ်အမည်စာရင်း ကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်သည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် သတ်မှတ်ထားသည့်ရက်အတွင်း ရွေးကောက်ပွဲအသုံးစရိတ်စာရင်း အချိန်မီတင်သွင်းနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၂၅ ရက်၌ သတိပေးနိုးဆော်စာထုတ်ပြန်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...