ဒေသအကျိုးအတွက် လွှတ်တော်ပြင်ပကနေ မည်သို့လုပ်ဆောင်သွားမည်ဆိုသည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဦးရစ်ချက် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
“နိုင်ငံရေးတော့ ပြောလို့မရဘူးပေါ့နော်။ ကိုယ့်ရဲ့ရပ်ရွာရေးတော့ ဆက်လက်ဆောင်ရွက်ဖို့စိတ်ကူးရှိတယ်ပေါ့။ ရေရရှိရေးကတော့ ပူးပေါင်းဆောင်ရွက်ဖို့ ရပ်ရွာရေးဖွံ့ဖြိုးတိုးတက်ရေးကိုတော့ တဖက်တလှမ်းကနေပါဝင်ပြီး ကူ ညီဆောင်ရွက်မယ်ပေါ့နော်”
ဒေါ်စုစုအေး (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
“အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးကို ပိုပြီးလုပ်ဆောင်သွားမှာပါ။ ဘာဖြစ်လို့လဲဆို ကျွန်မက ဘယ်အဖွဲ့အ စည်းမှ ဘယ်NGOsကမှ မဟုတ်ဘဲ ရပ်ကွက်ကအမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် အမျိုးသမီးကဏ္ဍကိုပဲ အဓိကလှုပ်ရှားနေပါတယ်။ သက်ငယ်မုဒိန်းကိစ္စတို့၊ အိမ်တွင်းအကြမ်းဖက်တာတို့ အမြဲတမ်းလုပ်ဆောင်ပေးနေ တာပါ”
ဒေါ်ကက်ထရု (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)
“ကျွန်မက အရင်ကတည်းက ရပ်ရေးရွာရေးမှာ၊ အုပ်စုထဲမှာ အမြဲပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွန်မလွှတ် တော်ကိုယ်စားလှယ်လောင်းဝင်လျှောက်တဲ့အခါ လူထုတွေက ကိုယ့်ကိုဘယ်လိုထိုးနှက်တယ်။ ဘယ်လိုပြောဆို တယ်ဆိုတာ ကျွန်မစဉ်းစားမိတော့ တော်ပြီ ဒီရွေးကောက်ပွဲ၊ နိုင်ငံရေးကိုမလုပ်တော့ဘူးဆိုပြီး အတွေးတွေ ဝင်လာခဲ့တယ်။ ဒါပေမယ့် တခါတခါပြန်တွေးကြည့်တော့ ကျွန်မလူဖြစ်ရတာ၊ လူတစ်ယောက်အသက်ရှင်ရတာက ကိုယ့်တစ်ယောက်အတွက် အသက်ရှင်ရတာ မဟုတ်ဘဲနဲ့ အများအတွက် အသက်ရှင်ရမယ်ဆိုတဲ့ စိတ်ခွန်အား ပြန်ဝင်ပြီးတော့ ဒီထက်မက ကြိုးစားမယ်။ အကျိုးရှိတဲ့ဟာပဲလုပ်မယ်။ အကျိုးယုတ်စေမယ့် လုပ်ရပ်ကျွန်မ မလုပ် ဘဲနဲ့ ကိုယ့်လူထုအတွက် ကိုယ့်နဲ့နီးစပ်တဲ့ လက်လှမ်းမီနိုင်တဲ့ဒေသအတွက်တော့ ကျွန်မအကျိုးရှိတဲ့လုပ်ရပ်ကို ဆက်လုပ်မယ်လို့ စိတ်ကို လုံးလုံးလျားလျား ဆုံးဖြတ်ထားပြီးပါပြီ”
ဦးမားထို (တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ)
“နိုင်ငံရေးလို့ ပြောတာထက် ပြည်သူလူထုရဲ့ အကျိုးကိုတော့ တတ်အားသရွေ့ လုပ်ရမှာပဲ။ လိုတဲ့နေရာရအောင် လိုက်ထောက်ပေးမှာပဲ၊ လိုတဲ့နေရာဖြည့်ဆည်းရမယ့်နေရာေတွကို အစိုးရကိုကိုယ်တိုင်တိုက်တွန်းမှာပဲ။ လမ်း ညွှန်ပေးမှာပဲ။သူတို့လုပ်တာမလုပ်တာ သူတို့နဲ့ပဲဆိုင်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရှိတယ်။ ပြည်သူလူထုအတွက် တော့ Ready ပဲရှိပါတယ်”
ဦးစိုင်းလင်းလင်းဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)
“ဘောလခဲမှာ မဖြေရှင်းနိုင်သေးတဲ့ မြေယာပြဿနာတွေရှိတယ်။မြေယာအငြင်းပွားမှုတွေရှိတယ်။ အဲ့ဒီကိစ္စကို လုပ်ဆောင်သွားမယ်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွေမှာ ပြည်ခိုင်ဖြိုးက စည်းရုံးရေးဆင်းတဲ့အချိန်မှာ တင်ပြခဲ့ ပေမယ့်လို့ သူတို့က မလုပ်ပေးနိုင်ဘူးလို့ ဆိုခဲ့တယ်ပေါ့။ ဒီကိစ္စကို ကျွန်တော်အနိုင်ရခဲ့ရင် လုပ်ပေးမယ်လို့ပြောခဲ့ တယ်။ ကတိကဝတ်ပေးခဲ့တယ်။ ဒါပေမယ့်တော့ မနိုင်ခဲ့ဘူး။ မနိုင်ပေမယ့် ကျွန်တော်တို့ လွှတ်တော်ပြင်ပကနေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”
ခွန်းဘီထူး (ကယန်းအမျိုးသားပါတီ)
“ကျွန်တော်တို့ရလဒ်က ရှုံးသွားတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမဲရလဒ်ကတော့ ရှုံးသွားတယ်ပေါ့နော်။ ဒါပေ မယ့် ကျွန်တော်တို့ရဲ့အင်အား၊ ပေါင်းစည်းမှုတွေ ကြိုးစားမှုတွေက အရင်ပါတီတွေထက် ပိုတိုးတက်လာတယ်။ ဆို တော့ ဒါကလည်း အများကသုံးသပ်သလိုပဲ လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးမလုံလောက်တော့ဘူး။ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့လည်း ကျွန်တော်တို့မလုံလောက်တော့ဘူး။ နိုင်ငံရေးပါတီက ဒီနေရာမှာ နိုင်ငံရေးပါတီကိုလည်း ကျွန်တော်တို့တွန်းရမယ့် အရွေ့တွေ၊ ပူးပေါင်းဆောင်ရွက်ရမယ့် အရွေ့တွေကပေါ်လာတဲ့အတွက် နိုင်ငံရေးပါတီ အပေါ် လူထုတွေရဲ့ပါဝင်မှု ပိုမြင့်မားလာတယ်ပေါ့နော်။ ဒီအပေါ်မှာတော့ ကျွန်တော်လုံးဝအသိအမှတ်ပြုတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီအတွက်က လှုပ်ရှားမှုအကြီးမားဆုံးအပိုင်းမှာဆိုရင် ၉၀ ရွေးကောက်ပွဲတို့၊ ၂၀၁၀တို့နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့သမိုင်းက မခေဘူးလို့ ပြောရမယ်ပေါ့။ ဒီအပေါ်မှာ လူထုတွေကို ကျွန်တော်ကျေးဇူးတင် တယ်။ ဒါပေမယ့် ဒီရှုံးသွားတဲ့ဟာပဲ ကျွန်တော်တို့ ဝမ်းနည်းနေဖို့မဟုတ်ဘဲ ဆက်ပြီးမှဒီဟာကို ပူးပေါင်းဆောင် ရွက်ဖို့ လိုတယ်။ တိုင်းရင်းသားတစ်ရပ်ရဲ့ အခွင့်အရေးကို မြင်တဲ့နေရာမှာ ဘယ်လောက်ထိသွားရမယ်ဆိုတာကို ကျွန်တော်တို့ဒီကနေပြန်လည်သုံးသပ်ပြီး ရှေ့ဆက်ချီတက်သွားရမှာပဲ ဖြစ်တယ်ပေါ့”