ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုအခြားနိုင်ငံရေးပါတီများနှင့်အတူ လက်တွဲဆောင်ရွက်ရန်မျှော်လင့်ထားဟု ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထန်ကျုံး ဖွင့်ဟ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုအခြားနိုင်ငံရေးပါတီများနှင့်အတူ လက်တွဲဆောင်ရွက်ရန်မျှော်လင့်ထားဟု ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထန်ကျုံး ဖွင့်ဟ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြားနိုင်ငံရေးပါတီများနှင့်အတူလက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထန်ကျုံးက ပြောသည်။

၎င်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားရန်ဆန္ဒရှိနေပြီး ယင်းသို့လုပ်ဆောင်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းထက် ဒေသရှိပါတီများနှင့် လက်တွဲလုပ်ဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

“နောင်လာမယ့် နိုင်ငံ့အကျိုးအတွက်ပေါ့နော်။ အတူလက်တွဲပြီးတော့ ဆောင်ရွက်ဖို့ပဲ ကျွန်တော်မျှော်မှန်းထားပါ တယ်။ ကျွန်တော်နိုင်တဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ဝမ်းသာတယ်ဆိုတာလည်း နိုင်ငံနဲ့လူမျိုးအတွက် ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးပေါ့နော်။ ဒီလိုရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အခုနိုင်တယ်ဆိုတာလည်း မဲအရနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့(နိုင်ငံရေးပါတီများ) လည်းနိုင်ပါတယ်။ သူတို့နဲ့လက်တွဲပြီးတော့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။သူတို့ကိုလည်း ကျွန်တော်ဖိတ်ပါတယ်။ ကျွန်တော်ကတော့ချင်းပြည်နယ်တိုးတက်ဖို့အတွက်တော့ ဘာမဆိုဆန္ဒရှိပါတယ်။ ကျန် တဲ့ပါတီတွေနဲ့လည်း ဝိုင်းဝန်းဆောင်ရွက်ချင်ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒေသဖွံ့ဖြိုးဖို့အတွက်က်တော့ လက်တွဲဆောင်ရွက်ဖို့ဆန္ဒရှိပါတယ်”ဟု ဦးဆန်နီထန်ကျုံးက ပြောသည်။

ဦးထန်ကျုံးသည် ယခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီကို ကိုယ်စားပြု၍ ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ပြိုင်ဘက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများကို ကျော်ဖြတ်၍ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲလိုပြိုင်ဖို့အတွက် ဘုရားသခင်ရဲ့စောင်မမှုကြောင့်ပဲ ကျွန်တော်သုံးသပ်ရရှိတယ်။အောင်နိုင်ဖို့အတွက်က အဓိကကျွန်တော်ချစ်ခင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေ ကူညီပံ့ပိုးမှုအများကြီးပါတယ်။အခုလိုနိုင်တယ် ဆိုတာ လည်း တကယ်တမ်းတော့ မလွယ်ပါဘူး။ အောင်နိုင်ဖို့အတွက် မသိတဲ့လူတွေကအစ အားလုံးကူညီပေးတဲ့ အတွက်အခုလိုအနိုင်ရရှိတာဖြစ်ပါတယ်။ ဒီလိုအောင်နိုင်ခဲ့လို့ တစ်ဦးချင်းစီအပေါ်ကျွန်တော် နှလုံးသားထဲကနေ ကျေးဇူးတင်တယ်”ဟု ဦးထန်ကျုံးက ပြောသည်။

သို့သော်လည်း ၎င်းအနေဖြင့် NLD ပါတီရဲ့ ဦးဆောင်မှုအောကတွင် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါတီ၏ ဦးဆောင်မှု လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

“အထူးသဖြင့် ကျွန်တော်တို့က အခုလောလောဆယ် NLD ပါတီရဲ့ ဦးဆောင်မှုအောက်မှာ ဆောင်ရွက်နေတာဖြစ်နေတဲ့အတွက် NLD ပါတီရဲ့ဦးဆောင်မှု လမ်းညွှန်မှုနဲ့အတူ ကျွန်တော်တို့လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးထန်ကျုံးသည် ချင်းပြည်နယ်အစိုရအဖွဲ့တွင် ဥပဒေချုပ်အဖြစ် ၂၀၁၆ခုနှစ် ဧပြီ ၇ရက်မှစ၍ ယနေ့အထိ  တာဝန်ထမ်းဆောင်လျက်ရှိပြီး ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် ပြန်လည်ဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရသစ်တွင်လည်း  ပြန်လည်ပါဝင်နိုင်သူတစ်ဦးဖြစ်သည်။ 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...