"စဉ့်ကိုင်မြို့နယ် NLD ကို ဗုဒ္ဓဘာသာဝင်များကိုယ်စား အပြင်းအထန်ရှုတ်ချ" ဟူသည့် ဘာသာရေးအကြောင်းပြ အမုန်းတရားဖြန့်ဝေပို့စ်

"စဉ့်ကိုင်မြို့နယ် NLD ကို ဗုဒ္ဓဘာသာဝင်များကိုယ်စား အပြင်းအထန်ရှုတ်ချ" ဟူသည့် ဘာသာရေးအကြောင်းပြ အမုန်းတရားဖြန့်ဝေပို့စ်
by -
Hintha

"စဉ့်ကိုင်မြို့နယ် NLD ကို ဗုဒ္ဓဘာသာဝင်များကိုယ်စား ကျွန်တော် အပြင်းအထန်ရှုတ်ချသည်" လို့ ခေါင်းစဉ်တပ်ထားတဲ့၊ ဘာသာရေးအကြောင်းပြ အမုန်းတရားဖြန့်ဝေရေးသားချက်များစွာဖော်ပြထားတဲ့ သတင်းအချက်အလက်အမှားပါတဲ့ ပို့စ်တစ်ခု ခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။ 

အနိုင်ရလွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ဘာသာရေးကို အဓိကထားတိုက်ခိုက်တဲ့ သတင်းအမှားပို့စ်တစ်ခုပါ။

သတင်းနှင့် ခံစားချက်ရင်ဖွင့်သံများဆိုတဲ့ လူမှုကွန်ရက်ပေ့ချ်မှာ ရေးသားထားတာပါ။

ဒီ Page ကို Like ပြုလုပ်ထားသူပေါင်း 21,689 ဦးရှိပြီး Follow ပြုလုပ်ထားပြီး ဖတ်ရှုနေသူပေါင်း 29,936 ဦးရှိနေတာကို နိုဝင်ဘာ ၂၁ ညနေပိုင်းမှာ စိစစ်တွေ့ရပါတယ်။

ရွေးကောက်ပွဲမှာ NLD လွှတ်တော်ကိုယ်စားလှယ် အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြ အနိုင်ရရှိသွားတဲ့အပေါ် ဆဲဆိုတဲ့စကားလုံးတွေပါတဲ့ပို့စ်ကို နိုဝင်ဘာ ၁၈ ရက်က ထပ်ဆင့်ဖြန့်ဝေခဲ့တာပါ။

ခရက်ဒစ် - စိတ်စည်းကြံစည်လို့ပါဝင်တာကြောင့် သူ့ရဲ့အာဘော်မဟုတ်ဘူးလို့ ယူဆနိုင်ပေမယ့် ကော်ပီကူးပြီးဖြန့်ဝေခဲ့တဲ့ဒီပို့စ်ကို ယနေ့အချိန် နိုဝင်ဘာ ၂၁ မွန်းလွဲပိုင်းထိ ထပ်ဆင့်ဖြန့်ဝေသူပေါင်း ၇၀၀ နီးပါးရှိနေတယ်။ 

စိစစ်ချက်

ဒေါ်ဝင်းမြမြနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ကြောင်းကျိုးဇစ်မြစ်ခိုင်မာတိကျစွာ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်မယ်ဆိုရင် အခြေအမြစ်မရှိတဲ့ စွပ်စွဲပုတ်ခတ်ချက်တွေကို အထင်းသားပေါ်လွင်လာမှာ ဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြနဲ့စပ်လျဉ်းတဲ့ အကြောင်းခြင်းရာတွေကို VOA သတင်းဌာနက နိုဝင်ဘာ ၉ ရက်မှာ ထုတ်လွှင့်ဖော်ပြခဲ့ပြီးသလို မြန်မာနောင်းသတင်းဌာနကလည်း အတိုက်အခိုက်များကြားက ဝါရင့်နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဝင်းမြမြအနိုင်ရရှိဆိုတဲ့ခေါင်းစဉ်နဲ့ စုံစမ်းထောက်လှမ်း သတင်းရေးသားနည်းလုပ်ငန်းစဉ်အတိုင်း ဖော်ထုတ်ရေးသားချက်တွေ ရှိပါတယ်။

VOA – ( https://cutt.ly/nhrODQN )

Myanmar Now – ( https://cutt.ly/JhrOR4t

သုံးသပ်ချက်

အမုန်းစကားကိုဖြန့်ဝေတဲ့ အစွန်းရောက်အာဘော်တစ်ခုဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းမှုကို အန္တရာယ်ရှိစေနိုင်တဲ့အခြေအနေမျိုး ဖော်ဆောင်နေပါတယ်။

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာကြား အထင်အမြင်မှားမှု၊ ခွဲခြားဆက်ဆံမှုကို ထင်ထင်ရှားရှားမြင်သာနေတဲ့ ယခုလိုအာဘော်မျိုး အချက်အလက်မျိုးကို ပြန်လည်ဖြန့်ဝေသူတွေ မည်မျှများပြားနေပြီလဲဆိုတာ မသိနိုင်ပါဘူး။

ဒါဟာ မတူကွဲပြားမှုတွေမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်တယ်ဆိုတဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

ခုလို ရွေးကောက်ပွဲအလွန်ကာလမှာ သတင်းတု၊ သတင်းမှား အန္တရာယ်အပြင် အလေးဂရုပြုသတိမူသင့်တာက ဘာသာရေးအကြောင်းပြ အမုန်းတရား ဖြန့်ဝေရေးသားဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂိုလ်ရေး စွပ်စွဲပုတ်ခတ်ပြီး ပြဿနာနဲ့ ပဋိပက္ခဆီ ဦးတည်သွေးထိုးလှုံ့ဆော်ရေးသားချက်တွေကိုလည်း အထူးသတိပြုသင့်ပါကြောင်း စိစစ်တင်ပြလိုက်ရပါတယ်။

သတင်းအချက်အလက်ရယူရာမှာ ကျင့်ဝတ်၊ စည်းကမ်းနဲ့အညီ စုံစမ်းမေးမြန်းဖော်ထုတ်ပြီး တင်ဆက်ထားတဲ့ အကြောင်းအရာတွေကို မှီငြမ်းကိုးကားပြီး အခြေအမြစ်မရှိ၊ တာဝန်ယူ တာဝန်ခံမှုကင်းမဲ့တဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတွေကို အလေးထားရှောင်ကြဉ်ကြဖို့ကိုလည်း တိုက်တွန်းအပ်ပါတယ်...

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...