ကယားတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ခြောက်ဦးနိုင်ပြီး ကယားပြည်နယ်လွှတ်တော်တွင် ပထမဆုံးအဖြစ် အမျိုးသမီးကိုယ်စားလှယ် နှစ်ဦးပါဝင်ခွင့်ရ

ကယားတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ခြောက်ဦးနိုင်ပြီး ကယားပြည်နယ်လွှတ်တော်တွင် ပထမဆုံးအဖြစ် အမျိုးသမီးကိုယ်စားလှယ် နှစ်ဦးပါဝင်ခွင့်ရ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်တွင် လက်ရှိအချိန်အထိအမျိုးသမီးကိုယ်စားလှယ်လောင်း ခြောက်ဦးအနိုင်ရထားပြီး အစိုးရနှစ် ဆက်တိုင် အမျိုးသမီးကိုယ်စားလှယ်မားပါဝင်ခွင့်မရခဲ့သော ကယားပြည်နယ်လွှတ်တော်တွင် ယခုနှစ်ရွေး ကောက်ပွဲ၌ အမျိုးသမီးကိုယ်စားလှယ်နှစ်ဦးပါဝင်ခွင့်ရခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီအသီးသီးမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးသည် ပြည်သူ့လွှတ်တော်တွင် သုံးဦး၊ အမျိုးသားလွှတ်တော်တွင် တစ်ဦး၊ ပြည်နယ်လွှတ်တော်တွင် နှစ်ဦး အနိုင်ရထားခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်နေရာတွင် အနိုင်ရထားသည့် အမျိုးသမီးကိုယ်စားလှယ်များမှာ ကယားပြည်နယ်ဒီမိုက ရက်တစ်ပါတီ (KySDP) မှ ဖရူဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်အယ်ဗလင်းနှင့် USDP မှ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်ခင်မာဝင်း တို့ဖြစ်ကြောင်း သိရသည်။

အစိုးရသက်တမ်းနှစ်ဆက် ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုမရှိခဲ့ဘဲ ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ၁၂ ပါတီ ကိုယ်စားလှယ်လောင်းများ အပြိုင်အဆိုင်ယှဉ်ပြိုင်ပြီးသည့်နောက် အမျိုးသမီးကိုယ်စားလှယ်များ ပထမဆုံးပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်မှမဲဆန္ဒနယ် ၃၄နေရှိသည့်အနက် လက်ရှိတွင် NLDမှ ၂၀နေရာ ၊ KySDP ရှစ်နေရာ၊ USDP ခြောက်နေရာတွင် အနိုင်ရထားကြောင်း မြေပြင်သတင်းများအရသိရပြီး UEC၏ကြေညာချက်သာ အတည်ဖြစ် သည်။

ကယားပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၁၂၉၁၆ ဦးရှိပြီးရွေးကောက်ပွဲအား ပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...