UNDP ပါတီအားထိုးနက်သည့် သတင်းအမှား

UNDP ပါတီအားထိုးနက်သည့် သတင်းအမှား

နှင်းဆီကော သစ်ခုတ်သမားတို့ ပြန်လာပြီ ဆိုသူတွေကော နိဂုံးချုပ်ငြိမ်းပြီဆိုတဲ့ စာအရေးအသားတစ်ခုဖြင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ UNDP အား ထိုးနက်သည့် သတင်းအမှားတစ်ခုဟာ Facebook လူမှု့ကွန်ရက်စာမျက်နှာမှာ Thant Zaw Oo ဆိုတဲ့ အကောင့်ပိုင်ရှင်က ရေးတင်ထားတာကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် တွေ့ရပါတယ်။



 

နှင်းဆီပါတီလို့ လူသိများတဲ့ UDP ပါတီကို အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီအဖြစ်မှ တရားဝင်ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခဲ့တဲ့သတင်းဟာ အမှန်ဖြစ်ပေမယ့် သစ်ခုတ်သမားတို့ပြန်လာပြီဆိုတဲ့ ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်မယ့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ပါတီနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိတဲ့အတွက် Thant Zaw Oo ဆိုသူတင်ထားတဲ့ စကားစုပါ သတင်း အချက်အလက်တွေဟာ သတင်းအမှားသာဖြစ်ပါတယ်။

ဒီလိုသတင်းပုံစံသက်ရောက်တဲ့ စကားစုဟာ မဟုတ်မှန်တဲ့အကြောင်းကို UNDP ပါတီမှ ရန်ကုန်တိုင်း ဆိပ်ကြီး/ခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဒေါ်မိုးမိုးသီက သူ့ရဲ့ Facebook လူမှု့ကွန်ရက် အကောင့်ဖြစ်တဲ့ Moe Moe Thi Thi အကောင့်ကနေ အခုလိုမျိုး ပြန်ရှင်းထားပါတယ်။

UNDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်ကလည်း သတင်းပုံစံသက်ရောက်နေတဲ့ အဆိုပါစကားစုဟာ သတင်းအမှား၊ သတင်းအတုသာ ဖြစ်တယ်လို့ အခုလိုအတည်ပြုပြောပါတယ်။

“သတင်းအမှားပေါ့ UNDP နဲ့ UDP နဲ့က အဲဒါ ၂ ခုက သွားပြီးတော့ စာလုံးတစ်လုံးက ခွာနေတော့ အဲဒါကို ဖြစ်တာလေ။ ကျနော်တို့ သစ်ခုတ်သမားတို့ ပြန်လာပြီဆိုတဲ့ ပါတီက ကျနော်တို့ UNDP ပါတီလေ နှင်းဆီပါ တီက UDP မတူဘူးလေဗျား။ ကော်မရှင်က ဖြတ်သိမ်းတာက နှင်းဆီ ပါတီ ဖြတ်သိမ်းတာလေ UDP ကို ဖြစ်တာ။ကျနော်တို့ ဒီရွေးကောက်ပွဲ ကာလမှာပေါ့နော ကျနော်တို့ သတင်းအမှားတွေ သတင်းအတုတွေ ကတော့ တော်တော်များများ လုပ်နေကြတာပေါ့နော ဒီစာက ရွေး ကောက်ပွဲမှာ ထင်ယောင်ထင်မှား ဖြစ် အောင်လို့ ရည်ရွယ်ချက် ရှိရှိနဲ့ ဒါတွေက လုပ်နေတာကို ကျနော်တို့ တွေ့နေရတယ်ပေါ့နော ဒီအပေါ်မှာ တော့ ကျနော်တို့ အနေနဲ့ကတော့ ဒါကို တိတိကျကျ ပြတ်ပြတ်သားသား တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကတော့ ဖော်ထုတ်အရေးယူစေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရွေးကောက်ပွဲရဲ့ ပုံသ ဏ္ဍာန်ကို ပျက်ပြားအောင် လုပ်တဲ့ အနေအထားမှာ ရှိတယ်လေ။ ပါတီရဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အပေါ်မှာကော ပါတီခေါင်းဆောင်တွေအပေါ်မှာကော ဒီလိုမျိုး မမှန်မကန်တဲ့ သတင်းအတုတွေ သတင်းအမှားတွေ ထုတ်ပြန်နေတာက  ပါတီရဲ့ ပုံရိပ်ကိုကော ရွေးကောက်ပွဲရဲ့ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်ဗျား။ အဲဒါကြောင့် ကျနော်တို့အနေနဲ့က ဒီအပေါ်မှာ ဒါတွေကိုတော့ ပြတ်ပြတ်သားသား အရေးယူသင့်တယ် စုံစမ်းဖော်ထုတ်တဲ့ အရေးယူသင့်တယ်ခင်ဗျား။”

ဒါကြောင့် လူမှု့ကွန်ရက်ပေါ်မှာ တက်လာတဲ့သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေတော့မယ်ဆိုရင် သေချာစီစစ်ပြီးမှ ဖြန့်ဝေပေးကြပါလို့ အကြုံပြုလိုက်ပါတယ်ခင်ဗျား။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...