စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲရုံတစ်ထောင်ကျော်တိုးချဲ့ဖွင့်လှစ်ရန် လျာထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲရုံတစ်ထောင်ကျော်တိုးချဲ့ဖွင့်လှစ်ရန် လျာထား

ကိုဗစ်ကာလ ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေတစ်ထောင်လျှင် တစ်ရုံနှုန်းဖြင့် မဲပေးရန်လျာထားသဖြင့် ယခင်ရွေးကောက်ပွဲများထက် မဲရုံတစ်ထောင်ကျော် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်ဦးကပြောသည်။

"ကိုဗစ်ကြောင့်ပေါ့။ အရင်တုန်းကတော့ မဲရုံတစ်ရုံကို လူနှစ်ထောင်လည်းပေးလို့ရတယ်။ နှစ်ထောင့်ငါးရာလည်းပေးလို့ရတယ်။ အခုတော့ မဲရုံတစ်ရုံမှာ တစ်ထောင်ပဲပေးဖို့လျာထားတယ်" ဟု ဦးတင်ဦးကပြောသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူဦးရေတစ်ထောင်လျှင် တစ်ရုံနှုန်းဖြင့်ဆောင်ရွက်ရန် လျာထားသော်လည်း လူဦးရေလျော့ချနိုင်ခြင်းမရှိသည့် မဲရုံများတွင် အဆိုင်းခွဲစနစ်ဖြင့်မဲပေးရန် စီစဉ်ထားသည်ဟု ဆိုသည်။        

“လူဦးရေ တစ်ထောင်ကို တစ်ရုံနှုန်းပေါ့။ ဒါပေမဲ့ တစ်ချို့ကျတော့ အခက်ခဲဖြစ်တဲ့အခါကျတော့ တစ်ထောင်ကျော်သွားတဲ့အခါကျတော့ အဲ့ဒါတွေကျတော့ အဆိုင်းခွဲတဲ့စနစ်နဲ့ လုပ်ထားတယ်" ဟု ဦးတင်ဦးကပြောသည်။

အဆိုင်းခွဲစနစ်ဆိုသည်မှာ လူးရေ၁၅၀၀မဲပေးရမည့်မဲရုံဆိုပါက ၇၅၀လျှင် တစ်ဆိုင်းဖြင့် နှစ်ဘက်ခွဲ၍ မဲပေးခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာအတွက် မဲပေးခွင့်တစ်သိန်းခြောက်သောင်းကျော်ရှိသဖြင့် တိုးချဲ့ဖွင့်လှစ်မည့် မဲရုံတစ်ထောင်ကျော်အနက် မဲရုံ ၅ဝ၄ ရုံတွင် ယင်းတိုင်းရင်းသား လူမျိုးရေးရာအတွက် မဲပေးခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အထွေထွေရွေးကောက်ပွဲအား ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့်အညီဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်တွင် မဲရုံတစ်ရုံတွင်ပေးရမည့် လူဦးရေကို ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်ရွေးကောက်ပွဲများက မဲရုံ ၃၀၀၀ ကျော်ဖွင့်ခဲ့ပြီး ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ၄၁၀၇ ရုံဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဆန္ဒပဲပေးပိုင်ခွင့်ရှိသူ လေးဆယ့်နှစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...